Wednesday, April 06, 2016

"တရုတ်က ဂုဏ်ပြုဖို့ အဓိကလာတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော"






တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်ခဲ့တာက အစိုးရသစ် ကို ဂုဏ်ပြုဖို့အဓိကထားတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က မီဒီယာတွေကိုပြော ပါတယ်။

"ကျွန်မတို့ အစိုးရအဖွဲ့ကို ဂုဏ်ပြုဖို့လာတာပါ၊ တခြားထူးထူးထွေထွေ အသေးစိတ်ဆွေးနွေးတာ ဘာမှမရှိပါဘူး၊" မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လည်းစာချုပ်ကို သူမကိုယ်တိုင်မဖတ်
ရသေးတာကြောင့် ပြည်သူလူထုထံ ချပြဖို့ ခက်ခဲတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။

“စာချုပ်က ကျွန်မတောင်မှ မဖတ်ရသေးဘူး အဲဒီတော့ ပြည်သူလူထုကို ချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာတာက အစိုးရအဖွဲ့သစ်ကို ဂုဏ်ပြုဖို့၊ ဒါတွေကို အလေးထားပြီးပြောဖို့ဖြစ်ပါတယ်။

တစ်ခြားကိစ္စတွေကို အလေးထားပြီး ဆွေးနွေးတာမရှိပါဘူး။ တစ်ချို့ကိစ္စတွေ ကို ထည့်ပြောသွားတာပဲရှိပါတယ်၊ ဆွေးနွေးတာမရှိပါဘူး"လို့ သူက ပြော ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ တို့ သည်နေ့ညနေ ၃နာရီခန့်က တွေ့ဆုံ ခဲ့ပြီးနောက်မီဒီယာများနှင့်တွေ့ဆုံရာမှာအခုလိုတွေပြောကြားခဲ့တာပါ။

Author/photo -ဖေသက်ထက်ခင်
Kumudra




No comments:

Post a Comment

My Blog List