Tuesday, April 05, 2016

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်လေးဦးကို သမ္မတထပ်မံအဆိုပြု


နိုင်ငံတော်သမ္မတက ပေးပို့လာသော ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် လေးဦး ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ် တော်နာယကက ဧပြီ ၄ ရက်တွင် လွှတ်တော်သို့ တင်ပြသည်။ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာဦးမျိုးသိမ်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးအဖြစ် ဦးဖေဇင်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်း ဦး နှင့် ပြည် ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့အား ခန့်အပ်သင့် ကြောင်း သမ္မတက အဆိုပြုခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှစ်ခု ၏ လက်ရှိ ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ကို လက်ခံမည် ဖြစ်ရာ အဆိုပါဝန်ကြီးဌာနနှစ်ခု ၏ ၀န်ကြီးအမည်စာရင်းကို သမ္မတက ထပ်မံတင်သွင်းခြင်း ဖြစ်သည်။အထက်ပါအဆိုပြုစာရင်း ကို ကန့်ကွက်လိုသည့် ကိုယ်စား လှယ်ရှိပါက လွှတ်တော်သို့ အမည် စာရင်း ပေးပြီး သက်သေနှင့်တကွ ကန့်ကွက်နိုင်ကြောင်း နာယကက ကြေညာ သည်။

ပညာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရ သော ဒေါက်တာ ဦးမျိုးသိမ်းကြီး သည် အမှတ် (၁) အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာ ပြည်) ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ် သည်။ သူသည် အနောက်ပိုင်း တက္ကသိုလ်တွင်လည်း ပါမောက္ခ ချုပ်တာဝန်ထမ်း ဆောင်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အဖြစ် အမည်စာရင်းတင်သွင်းခံရ သူ ဦးဖေဇင်ထွန်းမှာ စွမ်းအင်ဝန် ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်သည်။

ထို့ပြင် သမ္မတက ပြည် ထောင်စုရှေ့နေချုပ်အဖြစ် အမည် စာရင်းတင်သွင်း သော ဦးထွန်းထွန်းဦးမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ဒုတိယရှေ့နေချုပ် ဖြစ်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့သည်။

ထို့အပြင် MPC အတွက် အစိုးရက ခန့်အပ်သည့် ပုဂ္ဂိုလ် ၁၃ ဦးတွင် ပါဝင်ပြီး အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် UPWC ပါဝင်ခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် အမည်စာရင်းတင်သွင်း ခြင်းခံရသော ဦးမော်သန်းမှာ စီး ပွားရေးတက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား)ဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်များကို သက်သေထင်ရှားကန့်ကွက်သူမ ရှိပါက ဧပြီ ၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခန့်အပ်မည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ မှာ လစာအဆောင်အယောင်နှင့် ခံစားခွင့်တန်းတူရသော ပုဂ္ဂိုလ် များဖြစ်သည်။ လစာခံစားခွင့် ကျပ်သိန်း ၃၀ စီရရှိပြီး အစိုးရနေ အိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံ ခြုံရေးအစောင့်အရှောက်၊ ကိုယ်ရေးအရာရှိ တစ်ဦး၊ အိမ်အကူ နှစ် ဦး၊ ဥယျာဉ်လုပ်သား နှစ်ဦး၊ ကား သုံးစီး၊ ယာဉ်မောင်း သုံးဦး၊ ကား သုံးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀၊ ကားများအတွက်လို အပ်သောစက်ဆီ၊ ချောဆီများရရှိ မည်ဖြစ်ပြီး ပြည်တွင်း အခမဲ့ ဆေးကုသခွင့်၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ ပြည်တွင်းဖုန်းအခမဲ့သုံးစွဲခွင့် များ၊ရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List