Saturday, July 25, 2015

Air Bagan လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်တွင် ပြေးလမ်းချော်


မန္တလေးမှ ရန်ကုန်သို့ ပျံ သန်းလာသည့် Air Bagan လေ ကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး သည်  ယနေ့ ညနေ ၆နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရာ ပြေးလမ်းချော် ခဲ့ပြီး လမ်းဘေးမြက်ခင်းထဲသို့ထိုးဆင်း ခဲ့ကြောင်းသတင်းရရှိသည်။

‘‘လေယာဉ်ကွင်းစပ်မှာဖြစ်သွားတာ ထိခိုက်ဒဏ်ရာရတာ တော့မရှိခဲ့ပါဘူး’’ဟု   လေဆိပ်လုံခြုံရေးရဲတပ်ဖွဲ့ ၀င်တစ်ဦးကအတည်ပြုပြောကြားသည်။

လေယာဉ်ဆင်းချိန်တွင် မိုး ရွာသွန်းနေပြီး ပြေးလမ်းပေါ်သို့ ဆင်းရာ၌ လေယာဉ်မှာဘယ် ဘက်သို့ အနည်းငယ်တိမ်းစောင်း ခဲ့သည့်အတွက်  ဘီးတစ်ခြမ်း စောင်းသွားကာ ပြေးလမ်းဘေး မြက်ခင်းထဲသို့ ထိုးဆင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သူ ကိုထက်နိုင်လင်းကပြောသည်။

‘‘လေယာဉ်စဆင်းတော့ ဘယ်ဘက်ကိုနည်းနည်းစောင်း သွားတာ သတိထားမိလိုက်တယ်။ ပြီးတော့ အောက်ကိုကျတဲ့အရှိန် ကလည်း ပြင်းတဲ့အတွက် ဘယ် ဘက်က ဘီးကအထဲကိုဝင်သွား ပြီး မြက်ခင်းထဲကို ထိုးဆင်းသွား တာပါ။ ခရီးသည်အများစုက လူ ငယ်တွေဖြစ်တဲ့အတွက် ကြီးကြီး မားမားထိခိုက်မိတာတော့ မရှိပါ ဘူး’’ဟု ကိုထက်နိုင်လင်းကပြော သည်။

ပြေးလမ်းချော်ခဲ့သည့် Air Bagan လေယာဉ်ပေါ်တွင် ခရီး သည် ၆၉ဦးခန့်ပါရှိပြီး အသက်အ ရွယ်ကြီးသူ အဘွားအိုတစ်ဦးနှင့် သံဃာတော်တစ်ပါးသာ  ပါရှိ သည်ကိုတွေ့ရကြောင်းကိုထက် နိုင်လင်းကပြောသည်။

Air Bagan လေကြောင်း လိုင်းက ညနေ ၆နာရီ ၄၇မိနစ် တွင် ရာသီဥတုဆိုးရွားပြီး မိုးသည်း ထန်စွာရွာ သွန်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ချိန်၌ လေယာဉ်ပြေး လမ်းမှ လမ်းချော် ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်၌ လိုက်ပါလာသော ခရီးသည် ၄၉ဦး၌ သံဃာတော်တစ်ပါးသာလက်တွင် 
ဒဏ်ရာရရှိခဲ့ကြောင်း  ထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List