သြစတြေးလျနိုင်ငံ လွှတ်တော်ဥက္ကဌက ခရီးသွားစရိတ် မတရားသုံးစွဲခဲ့တဲ့အတွက် စစ်ဆေးခံနေရပါတယ်။ လွှတ်တော်ဥက္ကဌ Bronwyn Bishop ဟာ မဲလ်ဘုန်းမြို့နဲ့ Geelong ဆိုတဲ့ မြို့ကို သွားရာမှာ ရဟတ်ယာဉ် ကို အသုံးပြုတဲ့အတွက် အတိုက်အခံပါတီက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
မဲလ်ဘုန်းနဲ့ ဂျီလောင်းမြို့ဟာ ကားနဲ့သွားရင် တစ်နာရီလောက်သာ ကြာပေမယ့် လွှတ်တော် ဥက္ကဌက ဒေါ်လာ ၅၀၀၀ ကို သုံးပြီး ရဟတ်ယာဉ်နဲ့ သွားတဲ့အတွက် အတိုက်အခံပါတီက ဝေဖန်ခဲ့တာပါ။
အရင်တုန်းကလည်း ဒေါ်လာ ၉၀၀ လောက်ကိုသာ အလွဲသုံးစား လုပ်ခဲ့တဲ့ လွှတ်တော် ဥက္ကဌဟောင်းကို ဝန်ကြီးချုပ်က ချက်ခြင်း ပြင်းထန်တဲ့အပြစ်ဒဏ် ပေးခဲ့ပေမယ့် ဒီတချီမှာတော့ ဝန်ကြီးချုပ်က အရေးယူမှု မလုပ်တဲ့အပေါ် မကျေမနပ် ဖြစ်နေကြတာပါ။
အစိုးရရဲ့ လုပ်ရပ်ကို ဝေဖန်မှုတွေ များလွန်းတဲ့အတွက် အခုဆိုရင် အဲဒီ လွှတ်တော် ဥက္ကဌကို စောင့်ကြည့် ကာလအဖြစ် သတ်မှတ်လိုက်ပြီလို့ ဝန်ကြီးချုပ် တိုနီအာဘော့တ်က ပြောပါတယ်။
အတိုက်အခံ ပြုသူတွေကတော့ ဝန်ကြီးချုပ်အနေနဲ့ ခေါင်းဆောင်ကောင်း နမူနာပြသတဲ့အနေနဲ့ ထိုက်သင့် တဲ့ ပြစ်ဒဏ်ကို အမြန်ဆုံး ပေးရမယ်လို့ ပြောလိုက်ပါတယ်။
ABC

No comments:
Post a Comment