Thursday, July 23, 2015

UPWC နှင့် SD တို့ NCA ပြင်ဆင်ဖြည့်စွက်ချက် ၄ ချက် သဘောတူညီမှုရရှိခဲ့


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peace-making Work Committee ) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့  (Senior Delegation) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement) အတွက် (၈) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့ ဇူလှိုင် (၂၂) တွင်  မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center) တွင် ကျင်းပပြုလုပ်သွားခဲ့ပြီး NCA စာချုပ်ပါ အချက် ၆ ချက်ဆွေးနွေးခဲ့ရာ အချက် ၄ ချက် သဘောတူညီမှုရရှိခဲ့သည်။ 

ယခင် UPWC နှင့် NCCT တို့၏ NCA စာချုပ်သဘောတူညီချက်အား မထိခိုက်စေဘဲ စာချုပ်အချောညှိနှိုင်း ရေးလုပ်ငန်းနှင့် အဓိပ္ပယ်ရှင်းလင်းချက်၊ ကျိုးကြောင်းဖော်ပြချက်များကို အစည်းအဝေး သဘောတူညီချက် တွင် ထည့်သွင်းသွားခြင်းဟူသော ချဉ်းကပ်မှုဖြင့် နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။

အစည်းအဝေးကို UPWC ဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ဒုတိယဥက္ကဌ)၊ ဦးသိန်းဇော် (ဒုတိယ ဥက္ကဌ)၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်ထောင် စု ဝန်ကြီး ဦးအုန်းမြင့် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်) ၊ဗိုလ်မှူးကြီး ကျော်စိုးဝင်း ဦးစောထွန်းမြအောင်၊ ဒေါ်မိယဉ် ချမ်း၊ ဦးခက်ထိန်နန် တက်ရောက်ခဲ့ပြီး SD ဘက်မှ ပဒိုနော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်)၊ ဒေါက်တာ လဂျာ (ဒုတိယအဖွဲ့ခေါင်းဆောင် (၁))၊ ပူးဇင်ကျုံး (ဒုတိယအဖွဲ့ခေါင်းဆောင် (၂))၊ အဖွဲ့ဝင်များဖြစ်ကြ သော ခိုင်စိုးနိုင်အောင်၊ နိုင်ဟံသာ ၊ ဦးမျိုးဝင်း ၊ခွန်မြင့်ထွန်း၊ ရွှေမျိုးသန့်၊ စပ်ခွန်ဆိုင်း၊ ဗိုလ်ချုပ် တာအိုက် ဘုန်းတို့ တက်ရောက်ခဲ့ကြသည်။

UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းမှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် “NCA ကို ဆောင်ရွက်ရတာ အဓိက ရည်မှန်းချက် (၃)ခု ရှိပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နောင်ဘယ်အစိုးရ တက်တက် ဆက်လုပ်သွားမယ် ဆိုတဲ့ အုတ်မြစ်တစ်ခု ချဖို့ရယ်၊ အပစ်အခတ်ရပ်စဲရေး ခိုင်ခန့်အောင်လုပ်ဖို့ရယ်၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေ စတင်နိုင်ဖို့ဆိုတာတွေ ဖြစ်ပါတယ်။ NCA ဆိုတာ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ တံခါးပေါက် ပါ။ စမှတ်တစ်ခုပါ။ NCA ရှိမှ နောက်ဘာဆက်လုပ်မယ်ဆိုတဲ့ Process ဆိုတာ ရှိလာပါမယ်။ အပစ်အခတ် ရပ်စဲရေးကို ခိုင်ခန့်အောင်လုပ်နိုင်ဖို့ JMC လိုမျိုး၊ နိုင်ငံရေး ဆွေးနွေးပွဲကို ပူးတွဲ ကမကထ ပြုမယ့် UPDJC ဆိုမျိုးတွေဟာ NCA ရှိမှ ဖြစ်လာမှာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မဲ့ လမ်းပြ မြေပုံ၊ လုပ်ငန်းစဉ်၊ ယန္တယား တွေကို NCA ထဲမှာ နှစ်ဖက်လုံးက ရည်ရွယ်ချက်ရှိရှိနဲ့ထည့်သွင်းခဲ့တာ ဖြစ်ပါ တယ်။” ဟုပြောကြား သွားခဲ့သည်။

အစည်းအဝေးကို ညနေ ၄ နာရီတွင် ရပ်နားခဲ့ပြီး ကျန်ရှိသည့် အချက်များကို မနက်ဖြန်တွင် MPC ၌ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Myanmar Peace Center


No comments:

Post a Comment

My Blog List