Monday, July 20, 2015

အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုက်ကွင်းပေါ်က အလေးပြုခဲ့တဲ့ ရုပ်ရှင် အဖွဲ့သားများ


ပုပ္ပားတွင် ရိုက်ကူးနေ သော ‘‘မင်းလည်း ဘိုကေ ငါလည်း ဘိုကေ’’ရုပ်ရှင်အဖွဲ့သားများက ဇူလိုင် ၁၉ ရက် ရိုက်ကူးရေးတွင် အာဇာနည်နေ့အထိမ်းအမှတ်အ ဖြစ် ဂါရ၀ပြုခဲ့ကြောင်း ဇာတ်ကားရိုက်ကူးရေးတွင် ပါဝင် သည့် ကျော်ကျော်ဗို၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

‘‘ဇူလိုင် ၁၉ နံနက် ၁၀ နာရီ ၃၇ မိနစ်’’ အာဇာနည်နေ့ ‘‘ကျွန် တော်တို့ ရုပ်ရှင်ရိုက်ကွင်းမှာ အလေးပြု’’ဟု ရေးသားကာ ရုပ်ရှင် ရိုက်ကွင်းတွင် ရိုက်ကူးရေးများ ခေတ္တရပ်၍ အလေးပြုနေသည့် ရုပ်ရှင်အဖွဲ့သားများ၏ ပုံကို တင် ထားခြင်း ဖြစ်သည်။

ကျော်ကျော်ဗို၊ မြင့်မြတ်နှင့် သင်ဇာဝင့်ကျော်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသော ‘‘မင်းလည်း ဘိုကေ ငါလည်း ဘိုကေ’’ရုပ်ရှင်ဇာတ်ကားကို ပုပ္ပားတွင် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ရိုက်ကူးနေခြင်း ဖြစ်သည်။

ယင်းဇာတ်ကားတွင် ဇာတ်ပို့သရုပ်ဆောင်များအဖြစ်  ခင် လှိုင်၊ ဒိန်းဒေါင်၊ ဂွမ်းပုံတို့နှင့်အတူ အခြားနာမည် ကြီး ဟာသသရုပ် ဆောင်များလည်း ပါဝင်ပြီး ဒါရိုက် တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံ ဖော်နေခြင်း ဖြစ်သည်။

7Day Daily


No comments:

Post a Comment

My Blog List