Wednesday, July 22, 2015

မွေး/ရေ ၀န်ကြီးဌာနသို့ လုပ်ငန်းရှင် (၁၀) ဦးက ကျပ်သန်းပေါင်း နှစ်သောင်း ခြောက်ထောင် ပြန်လည်ပေးဆပ်ရန် ကျန်


မွေး/ရေ ၀န်ကြီးဌာနမှ ချေးပေးထားသည့် လုပ်ငန်းရှင် (၁၀) ဦး ထံမှ ကြွေးပေါင်း သန်း နှစ်သောင်း ခြောက်ထောင်ကျော်ရရန် ရှိပြီး ငွေများကို လုပ်ငန်းရှင်များက ပြန်လည် ရှင်းလင်းခြင်းမရှိသည့်အတွက် ယင်းလုပ် ငန်းရှင်များကို တရားစွဲဆိုထားသည့် အမှုပေါင်း (၅၁) မှုရှိပြီးကြွေးအများ ဆုံးရရန်ရှိသည့် လုပ်ငန်းရှင် (၁၀) ဦးကို မွေး/ရေ ဒုဝန်ကြီးက ယနေ့ လွှတ်တော်တွင် တင်ပြပြောဆိုခဲ့ သည်။

အဆိုပါ အများဆုံး ကြွေးပြန်မဆပ်သူ (၁၀) ဦးစာရင်းမှ ယခင် စစ်အစိုးရ လက်ထက် မွေး/ရေ ၀န်ကြီးဟောင်း ဗိုလ်မှုးချူပ် မောင်မောင်သိမ်း၏ သား ဖြစ်သူ လုပ်ငန်းရှင် ဦးမင်းသိမ်း က ကြွေးအများဆုံးအဖြစ် နံပတ်တစ် နေရာ တွင်ပါဝင်ပြီး ကျပ်သန်း ပေါင်း ၁၁၅၈၀. ၅၇၂သန်း ထိကို ပြန်မအပ်ရသေး ကြောင်းဖော်ပြထားသည်။

"လွှတ်တော်ထဲမှာ မွေး/ရေ ဒုဝန်ကြီး ဦးတင်ငွေ က ရှင်းပြသွားတယ် ၊ သူတို့ ဝန်ကြီးဌာနကို အကြွေးပြန်မရလို့ အပက ၃ နဲ့ တရားစွဲထားတဲ့ လူတွေထဲမှာ အကြွေးအများဆုံး ၁၀ ဦး အမည်စာရင်းနဲ့ ကြွေးကျန်ငွေကို တင်ပြသွားပါတယ် ၊ ဒီလောက်များ တဲ့ငွေတွေကို ဒီလူတွေ ဘယ်တော့ ပြန် ဆပ်မလည်း ၊ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတိုက်က အလွဲသုံးစား မှုမှာ တာဝန် ရှိတဲ့ အရာထမ်းနှစ်ယောက် ဘုံးသွားတယ်ဆိုတဲ့ငွေက ဒီလောက် မများဘူး အစွန်းထွက်လောက်ဘဲရှိတယ်၊ သိန်း ထောင် ဂဏန်း လောက်တော့ရှိမယ် ထောင်ကျတာက အနှစ် ၄၀ စီကျတယ် ။ ခုလူတွေက သန်း ကို ထောင်ချီ နေပေမဲ့ ထောင်ကျကိန်း သိပ်မမြင် ရဘူး ၊" ဂန်ဂေါမြို့နယ် မဲဆန္ဒနယ် မှ လွှတ်တော်အမတ် ဦးလှဆွေက ၄င်းက ဖေ့ဘုတ် စာမျက်နှာတွင်ပြောဆို ထားသည်။

လက်ရှိအစိုးရသည် ယခင်စစ်အစိုးရမှ အသွင်ပြောင်းခြင်း ဖြစ်သကဲ့သို့ ပတ်သက်နေသည့် ယခင်စစ်အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင် လက်ကြီးသမားများထံမှ ရရန်ရှိနေသည့် သန်းပေါင်းသောင်းနှင့် ချီနေသည့် အလွဲသုံးစားမှုများကို ပေးလျော်ခိုင်း ရန်နှင့် အချိန်မီပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေမှုကို အချိန်ကာလ ကြာမြင့်စွာ မျက်နှာလွဲ လျစ်လျူရု မှုများ ရှိနေကြောင်း ကြားသိရသည်။

"ထောင်ချတာ မချတာထက် နိုင်ငံဘဏ္ဍာပြန်ရဘို့ အဓိကပါဗျာ၊၊ ငွေ အားလုံးပြန်ရမယ် ဆိုကောင်းပါ့ ၊ ပြန်မဆပ်ဘဲ အတိုးနဲ့တင် လုပ်စားနေကြ ရင်ကိုဘဲ အတော် ထော နေလောက်ပြီ ။ ယူထားတာလည်းကြာနေပြီ ဘယ်လို ညှိထားကြလည်း မသိဘူး ။"ဟု အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက မှတ်ချက်ချ ရေးသားထားသည်။

စစ်အစိုးရလက်ထက် မွေး/ရေ ၀န်ကြီးဟောင်း ဗိုလ်မှုးချူပ် မောင်မောင်သိမ်း သည် ၂၆ ရက် ဧပြီလ ၂၀၁၀ တွင် ၄င်း၏ ၀န်ကြီး ရာထူးနှင့် ယူနီဖောင်းကို စွန့်လွှတ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့ပြီး ယခုအခါ ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက် နေသူဖြစ်သည်။

ဇော်မင်းထွန်း

The Ladies News Journal

No comments:

Post a Comment

My Blog List