၂၀၁၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော ၆၈ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရ၀ပြုခဲ့ ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအ၀င် ပြည်သူလွှတ် တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများ၏ မိသားစုဝင်များကလည်း အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက် ဂါရ၀ပြုခဲ့ ကြကြောင်း သိရသည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။
(ဓာတ်ပုံ- အောင်ကျော်ထက်)
Eleven Media Group
























No comments:
Post a Comment