Wednesday, July 22, 2015

နိုင်ဂျီးရီးယားရှိ စစ်သွေးကြွများကို ချေမှုန်းရန် အကူအညီပေးမည်ဟု အိုဘားမား ကတိပြု



အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဘိုကိုဟာ ရမ်အစ္စလာမ်မစ် စစ်သွေးကြွ နှိမ် နင်းရေးတွင် နိုင်ဂျီးရီးယားသမ္မတ မိုဟာ မက်ဒူဘူဟာရီကို အကူအ ညီပေးသွားမည်ဟု ကတိပြုခဲ့ သည်။အမေရိကန်သမ္မတ အိုဘား မားနှင့် နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီ တို့သည် ဇူလိုင် ၂၀ ရက် တွင် အမေရိကန်နိုင်ငံ အိမ်ဖြူ တော်၌ တွေ့ဆုံခဲ့ကြသည်။
နိုင်ဂျီးရီးယားသမ္မတအဖြစ် ဘူဟာရီ ရွေးကောက်ခံရပြီး နောက် သမ္မတနှစ်ဦးအကြား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားသမ္မတ ဘူဟာ ရီတွင် အစွန်းရောက်ဝါဒနှိမ်နင်း ရေး အလွန်ရှင်းလင်းသော လုပ်ငန်းစဉ်တစ်ရပ်ရှိသည်ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

သမ္မတနှစ်ဦး အိမ်ဖြူတော် ၌ တွေ့ဆုံပြီးနောက် မိန့်ခွန်း ပြောကြားရာတွင် နိုင်ဂျီးရီးယား နိုင်ငံသည် အာဖရိကတိုက်၌ အ ရေး အကြီးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု သမ္မတအိုဘားမားက ပြောကြားခဲ့ပြီး အကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ဖြေရှင်း သော သမ္မတ ဘူဟာရီကိုလည်း ချီးကျူးခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ စစ်သား တွေ ဘိုကိုဟာရမ်တွေကို နှိမ်နင်း နေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေက အရမ်းလိုအပ် နေတဲ့ စစ်သင်တန်းတွေနဲ့ ထောက်လှမ်းရေးသတင်းတွေ အကူအညီ ပေးနိုင်ပါတယ်’’ ဟု သမ္မတ ဘူဟာရီက သမ္မတ အိုဘားမား နှင့် မတွေ့ဆုံမီ The Washington Post သတင်းစာ ဆောင်းပါးတစ် ခု၌ ရေးသားခဲ့သည်။

သို့သော် သမ္မတ အိုဘားမား သည် နိုင်ဂျီးရီးယားသို့ စစ်ရေးအ ကူအညီများ ပေးမည်ဟူ၍ ထုတ် ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ခိုးယူခံရပြီး နိုင်ငံခြားဘဏ်စာရင်း များတွင် ထည့်ထားသော ရန်ပုံ ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ကို ရှာဖွေပြန်သိမ်းရာ၌ အ မေရိကန်အစိုးရထံမှ အကူအညီ တောင်းသွားမည်ဟုလည်း သမ္မ တ ဘူဟာရီက ရေးသားခဲ့သည်။

ဘာဟာရီသမ္မတဖြစ်လာခဲ့ ပြီးနောက် ဘိုကိုဟာရမ် ချေမှုန်း ရေးအတွက် အမေရိကန်ဒေါ်လာ ငါးသန်း အကူအညီပေးမည်ဟု အမေရိကန်အစိုးရက ကတိပြု ထားသည်။ 

Ref: BBC
နိုင်ဂျီးရီးယားသမ္မတသစ် မိုဟာမက်ဘူဟာရီနှင့် အိမ်ဖြူတော်ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံနေသော ကန်သမ္မတအိုဘားမား (SAUL LOEB/AFP)
7Day Daily



No comments:

Post a Comment

My Blog List