Thursday, July 23, 2015

ဦးအောင်သောင်း ကွယ်လွန်


စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ယနေ့နံနက်ပိုင်း တွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ 
မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် ဆရာဝန်တစ်ဦး က အတည်ပြုပြောကြားသည်။ 


ဦးအောင်သောင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။


ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံနှင့် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည်ဦးနှောက် သွေးကြောပေါက်၍ ဆေးကုသမှုခံယူရန် ဇူလိုင် ၉ ရက်ကပင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။


(7DayDaily)

No comments:

Post a Comment

My Blog List