Wednesday, July 22, 2015

ရွေးကောက်ပွဲနောက်ဆုတ်ပေးရန် ပါတီတချို့ ကော်မရှင်ထံ တင်ပြဆွေးနွေး


မဲစာရင်းမှားတဲ့ကိစ္စတွေကို မှန်ကန်အောင်မလုပ်နိုင်သေးတဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ပါတီတချို့က တင်ပြထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ ရွေးကောက် ပွဲ ကျင်းပမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့က ParkRoyal Hotal မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ တွေ ပဉ္စမအကြိမ်မြောက်တွေ့ဆုံပွဲမှာ နိုင်ငံရေး ပါတီတချို့က ရွေးကောက်ပွဲရက်ကို နောက်ဆုတ်ပေးဖို့ တင်ပြလာတာတွေ ရှိပေမယ့် ရွေးကောက်ပွဲကျင်းပဖို့ကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း သွားရမှာဖြစ် တဲ့အတွက်ကြောင့် နောက်ဆုတ်မပေးနိုင်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ပြောဆိုခဲ့ ပါတယ်။

နိုင်ငံရေးပါတီတချို့က အခုလိုရွေးကောက်ပွဲနောက်ဆုတ်ပေးဖို့ တောင်းဆို ခဲ့တာဟာ လက်ရှိ အချိန်ထိ မဲစာရင်းအမှားတွေ များပြားနေပြီးမှန်ကန် အောင် မပြုလုပ်နိုင်ခင်မှာ ရလဒ်အမှန် မထွက်လာမှာစိုးတဲ့ အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး က “တောင်သူလယ်သမား ပါတီရယ် အန်အယ်လ်ဒီက ဦးဥာဏ်ဝင်းတို့က နောက်ဆုတ်ဖို့ တင်ပြထားတာတွေရှိပေမယ့် တိုင်းဖရိမ်အရ နောက် ဆုတ်လို့ မရဘူးလို့ ဦးတင်အေး အခုပဲပြောခဲ့ပါတယ်”လို့ ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေဖက်က ကိုယ်စားလှယ်လောင်းအမည် စာရင်း တင်သွင်းတဲ့ ကိစ္စတွေမှာ သတ်မှတ်တဲ့ရက်က အလွန်နည်းတဲ့အတွက် ထပ်တိုးပေးဖို့ တင်ပြဆွေးနွေးခဲ့တာတွေ လည်း ရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာ တောင် သတ် မှတ်ရက် ၁၄ ရက်ပဲ ရခဲ့တဲ့အတွက် အခုကြေညာတဲ့ရက်က ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်း ဖို့ လုံလောက်တဲ့ရက်ဖြစ် တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက “ဒါကလုံ လောက်တဲ့ ရက်ပါ။ ကျွန်တော်အ နေနဲ့က မြန်မာပြည်တစ်ခုထဲမဲစာရင်း လုပ်ကတာမဟုတ်ပါဘူး။ နိုင်ငံခြားက ပုံစံ၁၅ တောင်းတာတွေလဲ ရှိတဲ့ အတွက် နောက်ဆုတ်ပေးလို့ မရပါဘူး”လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံပွဲကို နောက်ထပ်မှတ်ပုံတင်ထားတဲ့ ပါတီအသစ်တွေလဲတက် ရောက်ခဲ့တဲ့ သူတို့အနေနဲ့ ရွေးကောက်ပွဲမှာနိုင်ငံ ရေးပါတီတွေလိုက်နာရမယ့် ကျင့်ဝတ် (Code of Conduct) မှာ လက်မှတ်မထိုးရ သေးလို့ အဲဒီ ပွဲမှာပဲ တခါတည်း လက်မှတ်ထိုးခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံတဲ့အဲဒီပွဲကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၈၈ ပါတီရှိတဲ့ထဲက ၇၆ ပါတီ တက်ရောက် ခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List