နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းထားမှုကို လက်ခံ ထားကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောကြားသည်။
ယင်းသို့ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံရန် နိုင်ငံ့ဝန်ထမ်း မဖြစ်ရန် လိုအပ်သောကြောင့် ဇူလိုင်လအကုန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ရပ်စဲခွင့်ကို အဆင့်မြင့်ပညာ ဦးစီးဌာနမှ တစ်ဆင့် ပညာရေး ဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၇ ရက်က တင်ပြထားကြောင်း ဒေါက်တာအောင်သူက ပြောဆို သည်။
၎င်းအနေနှင့် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် လက်ခံထားပြီး ဖြစ်သော် လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နှင့် လွှတ်တော်ကို အသေးစိတ် ပြောကြားနိုင်ခြင်း မရှိသေး ကြောင်း ၎င်းကဆို သည်။
“အဆင့်မြင့်ပညာရေးကော်မတီက လုပ်ဖော်ကိုင်ဖက်တွေကနေ ကမ်းလှမ်းတာပါ” ဟု ဒေါက်တာအောင်သူ က ရှင်းပြသည်။
ဒေါက်တာအောင်သူသည် လက်ရှိတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူမည် ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်သူ ကို ကမ်းလှမ်းထားသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ ယင်းပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ကျွန်တော် မသိရသေးဘူး” ဟု ပြောကြားသည်။
ဒေါက်တာအောင်သူကို မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ ကန်တော်ရပ်တွင် ၁၉၅၅ ခုနှစ်က မွေးဖွားပြီး ၁၉၇၉ ခုနှစ်မှစ၍ ဗိုလ်တထောင်မြို့နယ်ဒေသ ကောလိပ် (၁)တွင် အချိန်ပိုင်းနည်းပြ အဖြစ် စတင်တာဝန် ထမ်းခဲ့ကာ ကျောက်ဆည်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန် မာပြည်) တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ယင်းနောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ပြီး နောက် ယခုအခါ ရန်ကုန်တက္က သိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေသည့် အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် အဆင့်မြင့်ပညာရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်လျက် ရှိသည်။
The Voice Weekly
No comments:
Post a Comment