Thursday, July 23, 2015

ဂရိလွှတ်တော်က ဒုအကြိမ် သုံးစွဲမှု လျှော့ချဖို့ သဘောတူ


ဂရိနိုင်ငံ လွှတ်တော်အမတ်တွေက အသုံးစရိတ် လျှော့ချဖို့အတွက် ဒုတိယအကြိမ်မြောက် ထပ်မံ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။ ပထမ အသုတ်တုန်းကတော့ ပင်စင်၊ အခွန်နဲ့ အလုပ်အကိုင် ဥပဒေမှာ အပြောင်း အလဲ လုပ်ဖို့ သဘောတူခဲ့ကြပြီး အခု ဒုတိယ အသုတ်မှာတော့ တရားဥပဒေ ဆိုင်ရာ ပြောင်းလဲရေး၊ ဘဏ်လုပ်ငန်း အပြောင်းအလဲတွေကို သဘောတူ ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Alexis Tispras က ပါတီတွင်းမှာ ဆန့်ကျင်မှုတွေ ခံနေရတဲ့ အတွက် လွှတ်တော်မှာ အဆိုတင် သွင်းချက်တွေ အတည်ပြုနိုင်ဖို့ အတိုက်အခံ ပါတီကို အားကိုး နေရပါတယ်။

ဝန်ကြီးချုပ် ဦးဆောင်တဲ့ Syriza ပါတီက အသုံးစရိတ် မလျှော့ချလိုပေမယ့် အတိုက်အခံတွေကတော့ ဂရိနိုင်ငံတွေရဲ့အကြွေးကို အကြွေးရှင်တွေကူညီအောင် အကြွေးရှင် နိုင်ငံတွေရဲ့ လိုလားချက်ကို လုပ်ဆောင် ဖို့ ဆန္ဒရှိပါတယ်။

အကြွေးရှင်တွေနဲ့ ဆွေးနွေးမှုမှာ အောင်မြင်မှု မရတဲ့အတွက် ဂရိဝန်ကြီးချုပ် ဟာ သူယုံကြည်ရာကို စွန့် လွတ်ပြီး အကြွေးရှင်တွေ လိုလားတဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အသုံးစရိတ် လျှော့ချမှုကို လက်ခံလိုက်ပါ တယ်။

ဂရိဝန်ကြီးချုပ် အနေနဲ့ ပါတီတွင်းက လူတွေနဲ့ ဆက်လက် စုစည်းမှု မလုပ်နိုင်ရင်တော့ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရလိမ့်မယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် Alexis Tsipras ဟာ ဝန်ကြီးချုပ် ရာထူးကို လွန်ခဲ့တဲ့ ၆ လ တုန်းကပဲ ရရှိထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကတော့ ပထမ ဦးစားပေး လုပ်ငန်းကတော့ ငွေရေးကြေးရေး စနစ်မှာ ပုံမှန် ပြန်ဖြစ်လာဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဂရိနိုင်ငံ ငွေရေးကြေးရေးမှာ ပြဿနာ ဖြစ်ပြီးတဲ့နောက်ပိုင်း ဘဏ်ထဲမှာ စုထားတဲ့ ငွေတွေ ဆုံးရှုံးမှာ စိုးလို့ ဂရိပြည်သူတွေဟာ ဒီဇင်ဘာလ နောက် ပိုင်း ယူရို သန်းပေါင်း ၉၀၀ ကို ထုတ်ယူတဲ့အတွက် ဘဏ်လုပ်ငန်း တွေမှာ အခက်အခဲ ဖြစ်နေရပါတယ်။

ငွေရေး ကြေးရေးမှာ ပုံမှန် ပြန်ဖြစ်လာအောင် အကြွေးရှင်တွေကလည်း ဘဏ်တွေ လည်ပတ်နိုင်အောင် မနေ့တုန်းက ဂရိဘဏ်ထဲကို ငွေတွေ ထည့်ပေးတာမျိုး လုပ်ခဲ့တယ်လို့ သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List