Tuesday, July 21, 2015

တိုင်းရင်းသားခေါင်းဆောင် နိုင်ငံရေးသမားများ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အောင်ပွဲခံရေး ယုံကြည်လျက်ရှိ


၂၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် လွတ်လပ်သည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ထင်သာမြင်သာရှိမည့် အောင်ပွဲများရရှိရန် တိုင်းရင်းသားနိုင်ငံရေးသမား များနှင့် လွတ်တော်အမတ်များက မျှော်လင့်လျက်ရှိနေကြသည်။

သူတို့၏ဆိုင်ရာ လူနည်းစု တိုင်း ရင်းသားများကိုသာမက အချုပ်အားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ၏ အနာဂတ်ကို ပုံဖော်ရာတွင်ပါ အဆိုပါအောင် ပွဲများက သူတို့တစ်တွေအား ပိုမို ကျယ်ပြန့်စွာ ပြောဆိုခွင့်ရရှိ စေမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲ များ၏ အကျိုးရလဒ်များအဖြစ် လွှတ်တော်အသစ်တွင် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်လာမည်ဟု ကချင်ပြည်နယ် ပူတာအိုမှ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဂျေယောဝူက ယုံကြည်နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇူလိုင် ၁၁ ရက်နေ့တွင် ကြေညာသွားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အစိုးရအုပ် ချုပ်ရေးအောက်တွင် ရှိနေစဉ် ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့ရာ နိုင်ငံတ ကာ အသိုင်းအ၀ိုင်းက အတုအယောင် ရွေးကောက်ပွဲအဖြစ် တံဆိပ်ကပ်ခဲ့သည့် အဆိုပါရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ဖူးလေသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုကို အလည်အပတ်သွားရောက်တော့ လူပေါင်းများစွာက သူမကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်လေ။ ဒါပေမဲ့ သူမရဲ့ လူကြိုက်များမှုက လာ မယ့် ရွေးကောက်ပွဲမှာ လူတွေဘယ်လို မဲထည့်မယ်ဆိုတာကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး” ဟု ဂျေယောဝူက ပြောကြားသွားသည်။

လူမျိုးနှင့် ဘာသာအရ လူနည်းစုဖြစ်သည့် တိုင်းရင်းသားများသည် သူတို့ကိုယ်ပိုင် အခြေအနေပေါ်တွင် ပိုမိုကျယ်ပြန့်စွာ နားလည်မှုရှိကြပြီး လွှတ်တော်အတွင်း သူတို့တိုင်းရင်းသားများကို သူတို့ကိုယ်တိုင်ကိုယ်စား ပြုခြင်းက ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်တင်ခြင်း၊ ဗဟိုအစိုးရနှင့် ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက်္ခများအ ဆုံးသတ်ရေးတို့တွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတစ်ခု ပါဝင်ဆောင်ရွက်လာနိုင်လိမ့်မည်ဟု ကက်သ လစ်ဘာ သာဝင်ဖြစ်သည့် ဂျေယောဝူက ဆိုသည်။

လေ့လာသူအများစုက လွှတ်တော် နှစ်ရပ်လုံးတွင် နေရာအရေအတွက် သိသာစွာြီူ ပါတီက အနိုင်ရရှိရန် တွက်ဆနေကြသော်လည်း NLD သည် တိုင်းရင်းသားအမာခံနယ်မြေ များတွင် အနိုင်ရရေး ရုန်းကန်ရမည် ဖြစ်သည် ဂျေယောဝူကဆိုသည်။

Ref - UCA News
The Ladies News Journal


No comments:

Post a Comment

My Blog List