Wednesday, July 22, 2015

“ နမ့်စန်မြို့နယ်ရှိ ဒီချုပ်ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရ “



ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ရပ်/ကျေးရုံးဆိုင်းဘုတ်နှင့် အလံတိုင်များကို ဇွန်လ ၂၁ ရက် ည ၈နာရီခွဲခန့်တွင် ဓားရှည်ကိုင် လူငယ်လေးဦးက လိုက်လံဖျက်ဆီး ခဲ့သည်ဟု နမ်စန်မြို့နယ် ဒီချုပ်ပါတီဥက္ကဌ ဦးနေဇော်နိုင် (ခ) ဦးအိုက်ပေါ ကအတည်ပြု ပြောကြားသည်။

နမ်စန်မြို့နယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင်လူငယ်လေးဦးက ဆိုင်ကယ်စီး၍ ရပ်ကွက်( ၄ )ရှိ ဆိုင်းဘုတ်အား ဓါးရှည်ဖြင့်ခုတ်ခဲ့သည်။ 

ပါတီဝင်များက သွားကြည့်စဉ် အခြားဆိုင်းဘုတ်များလည်း တောက်လျှောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည် ဟု ဦးနေဇော်နိုင် ကပြောသည်။

” မနေ့ည ၈နာရီနဲ့ ၁၀ နာရီကြားမှာဖြစ်တာပါ။ ဆိုင်းဘုတ်ကို ဓါးနဲ့ဆွဲပြီး အလံကိုဖြုတ်ယူဖျက်ဆီးသွား တယ်၊ တစ်ချို့ကိုလည်း လမ်းမှာ ပစ်ထားခဲ့ တယ် ” ဟု ဦးနေဇော်နိုင် ကပြောသည်။

နမ့်စန်မြို့ပေါ် ရပ်ကွက် ၂ခုရှိ ပါတီဆိုင်းဘုတ်အပါအ၀င် ကျေးရွာဆိုင်းဘုတ် ၁၈ ခုအားဖျက်ဆီးခြင်းခံခဲ့ရ သည်ဟု ဦးနေဇော်နိုင် ကပြောသည်။

အဆိုပါ ဆိုင်းဘုတ်ဖျက်ဆီးသည့် လူငယ်များကို မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း လည်း သိရသည်။

” ဖမ်းဆီးထားတာတော့ဟုတ်ပါတယ် ။ ပြည်သူ့စစ်အဖွဲ့ကလူငယ်တွေပါ။ အခုလောလောဆယ် စစ်ဆေး နေဆဲကာလမို့ ဘာမှ အတည်ပြုပြောကြား လို့မရသေးပါဘူး ” ဟု နမ်စန်မြို့၊ မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး နမ်စန်မြို့နယ် မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ ဆက်ဆံရေးရုံးသို့ 7Day က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန် လည်ဖြေကြားခြင်းမရှိပါ။

ဓာတ်ပုံ-လုသာ
7Day News Journal

No comments:

Post a Comment

My Blog List