Monday, July 20, 2015

တိုင်ဝမ်သမ္မတလောင်း ရွေးကောက်ပွဲ အမျိုးသမီးတွေ ယှဉ်ပြိုင်မည်


ထိုင်ဝမ်ရဲ့ထိပ်တန်း နိုင်ငံရေးပါတီကြီး နှစ်ခုက၂ဝ၁၆ သမ္မတလောင်း အတွက် အမျိုးသမီးတယောက်စီကို အသီးသီး ရွေးချယ်လိုက်ကြပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် လက်ခံလိုက်တာဖြစ်ပါတယ်။ လောလောဆယ် အာရုံစိုက် စရာဖြစ်နေတဲ့ တရုတ်-ထိုင်ဝမ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး အတိုက်အခံ ပါတီတွေကြား မတူတဲ့အမြင်သဘောထားတွေကို မီးမောင်းထိုးပြ လိုက်တာ လည်း ဖြစ်ပါတယ်။ 

ထိုင်ဝမ်ရဲ့လက်ရှိအာဏာရ National Partyက တနင်္ဂနွေနေ့က Hung Hsiu-chu ကို ဇန်နဝါရီရွေးကောက် ပွဲမှာ ဝင်ရောက်အရွေးခံဖို့ ရွေးချယ် လိုက်ပါ တယ်။ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုထောက်ခံသူ လည်းဖြစ်တဲ့ မစ္စ Hung ဟာ ကျောင်းဆရာမဟောင်းတယောက်လည်းဖြစ်သလို လွှတ်တော် ရဲ့ဒုဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးအပေါ် သတိကြီးကြီးထားတဲ့ အတိုက်အခံ Democratic Progressive Party ဘက်ကတော့ ပါတီ ခေါင်း ဆောင် Tsai Ing-wen ကို ပြိုင်ဘက်သမ္မတလောင်းအဖြစ် ဝင်ရွေးချယ်လိုက် ပါတယ်။ ၂ဝ၁၆ ဇန်နဝါရီ ရွေးကောက်ပွဲအကြို ကောက်ယူတဲ့စစ်တမ်းအရ Tsai ကရှေ့ က ဦးဆောင်နေပါတယ်။

၂ဝဝ၈ ခုနှစ်ကတည်းက အေးစက်ပေမယ့်လည်း ရင်းနှီးမှုရှိတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ ရွေးကောက် ပွဲအကြို အကြောင်းအရာ ဖြစ်လာနေပါတယ်။ ၁၉၈ဝ ကတည်းက ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့တဲ့ ထိုင်ဝမ်မှာ အမျိုးသမီး သမ္မလောင်းကို ရွေးချယ်ခဲ့တာမရှိခဲ့သလို့ ပါတီကြီးနှစ်ရပ်လုံးက ထောက်ခံ ပေးတာမျိုးလည်း မရှိခဲ့ပါဘူး။

VOA


No comments:

Post a Comment

My Blog List