Saturday, July 25, 2015

အပစ်ရပ်စာချုပ်မူကြမ်း လက်ကျန် အချက်သုံးချက် သဘောတူညီချက်မရ၍ စာချုပ်အချောမသပ်နိုင်


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မူကြမ်းအတွက် ဆွေးနွေးရန် ကျန်နေသည့်သုံး ချက်ကို သဘောတူညီချက်မရ သောကြောင့် အချောသပ်နိုင်ခြင်း မရှိဘဲ သြဂုတ်လဆန်း တွင်နှစ်ဖက် ပြန်လည်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။

ရှစ်ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအဆင့်မြင့်ညှိ နှိုင်းရေးကိုယ် စားလှယ်အဖွဲ့(SD)တို့၏ဆွေးနွေး ပွဲ တတိယနေ့တွင် နှစ်ဖက်ညှိနှိုင်း ရန်ကျန်ရှိနေသည့် အချက်သုံး ချက်ကို သဘောတူညီချက်မရရှိ ခဲ့ဘဲ အစည်းအဝေးပြီးဆုံးခဲ့သည်။

ကျန်ရှိနေသည့် အချက်သုံး ချက်မှာ NCA တွင် ပါဝင်လက် မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အားလုံး ပါဝင်ရေးတို့ဖြစ်သည်။ ထိုအချက်သုံးချက်ကို နှစ်ဖက် ခေါင်းဆောင်များထံ ပြန်လည် တင်ပြ၍ သြဂုတ် ပထမပတ်တွင် ပြန်လည်တွေ့ဆုံမည် ဖြစ်ကြောင်းနှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများက သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။

‘‘ကျန်တဲ့သုံးချက်ကလည်း ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ရဲ့ အထက်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကို တင်ပြပြီး မှ ပြန်လည်ညှိနှိုင်း မယ့်အနေအထားရှိတယ်’’ဟု SD ဒုအဖွဲ့ခေါင်းဆောင်(၂)ပူးဇင်ကျုံး ကပြောသည်။

ပဏာမအဆင့် သဘောတူ ထားသည့် NCA မူကြမ်းတွင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်က ပြင်ဆင်ဖြည့်စွက်ထား သည့် အချက် ၁၃ ချက်အနက်၁၀ ချက်ကို ယခုဆွေးနွေးပွဲ၌နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။ လာမည့်သြဂုတ်လဆန်းတွင် ပြုလုပ်မည့် အစည်းအဝေး ၌ ကျန်ရှိနေသည့် အချက်များ ကို ညှိနှိုင်းမည်ဖြစ်ပြီး ယင်းဆွေးနွေး ပွဲတွင် NCA ကို အချောသပ်နိုင်ရန် မျှော်လင့်ကြောင်းနှစ်ဖက်ခေါင်း ဆောင်များကပြောသည်။

‘‘ဒီအစည်းအဝေးဟာလည်း ကျွန်တော်တို့ ဒီ NCA စာချုပ်ချုပ်ဆိုဖို့အတွက် နောက်ဆုံးအပြီးသတ် ဆောင် ရွက်တဲ့အစည်းအ ဝေးဖြစ်လိုတဲ့ဆန္ဒကျွန်တော်တို့ ဆီမှာ ရှိပါတယ်’’ဟု UPWC ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက အပိတ် အမှာစကားတွင်ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List