Saturday, July 25, 2015

သစ်ခုတ်သမားများအမှု တရုတ်မီဒီယာနှင့်လူထုကအထူးအလေးထားစောင့်ကြည့်နေဟု တရုတ်ဆင်ဟွာကဆို


တရုတ်နိုင်ငံသား သစ်ခုတ်သမားများအား မြန်မာနိုင်ငံ တရားရုံးမှ ချမှတ်ခဲ့သည့် ထောင်ဒဏ်နှင့် ပတ်သက် ၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ လုခန်းမှ တရုတ် နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ စီရင်မှု အပေါ် အလေးထား စောင့် ကြည့်ပြီး မြန်မာဘက်သို့ တရုတ် နိုင်ငံ၏ သဘောထားကို လည်း ပြောဆို ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံ၏ ဂရုပြုမှုကို အလေးထားရန်နှင့် အကြောင်း အရာ တွေ့ရှိချက်များကို ပေါင်းစပ် သုံးသပ်ကာ ဤအမှုကိစ္စ အပေါ် သင့်လျော်သော ဆောင်ရွက်မှု ပြုလုပ်ရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက် ခဲ့သည့် တရုတ်နိုင်ငံမှ သစ်ခုတ်သမား များကို မြန်မာ နိုင်ငံမှ ဖမ်းဆီး ခဲ့သည်။ ဤကိစ္စရပ် ဖြစ်ပွားခဲ့ပြီးနောက် တရုတ် နိုင်ငံ အနေဖြင့် အဘက် ဘက်မှ မြန်မာ နိုင်ငံ ဘက်သို့ သဘောထား ပြော ဆိုခဲ့ပြီး မြန်မာ နိုင်ငံ အနေဖြင့် အထက်ပါ လူများ၏ အခြေအနေ အမှန်ကို ထည့်သွင်း စဉ်းစားကာ ဥပဒေအရ သင့်လျှော် လက်ခံနိုင်သည့် ဆောင်ရွက်မှု ပြုလုပ်ပြီး တရုတ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်း ပေးအပ်ရန် ပြောကြား ခဲ့သည်။

တရုတ် သစ်ခုတ်သမားများ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံအနေဖြင့် အမှု အခြေအနေကို အနီးကပ် စောင့်ကြည့် ခဲ့ပြီး သံရုံးမှ ထိုတရုတ် သစ်ခုတ်သမားများ အတွက် လိုအပ်သည်များကို ဆောင် ရွက်ပေးခဲ့သည်။ ယခုနှစ် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်တွင်လည်း တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ သက်ဆိုင်ရာ ဌာန များနှင့် တိုက်ရိုက် ဆက်သွယ်မှုများ ပြုလုပ် ခဲ့ပြီး ဖမ်းဆီးခံရသည့် တရုတ် သစ်ခုတ်သမား များကို လည်း သွားရောက် ကြည့်ရှု ခဲ့ကြသည်။

တရုတ် သစ်ခုတ် သမား များသည် ယခုနှစ် ဇန်နဝါရီလ အတွင်းက တရားမဝင် သစ်ခုတ်မှုဖြင့် ဖမ်းဆီး ခံခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနား ခရိုင် တရားရုံးမှ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ် သစ်ခုတ်သမား များအပေါ် ယခု ချမှတ် ခဲ့သည့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း သည် မြန်မာ နိုင်ငံဥပဒေ လုပ်ထုံးလုပ်နည်းအရ ထောင်ဒဏ် နှစ် ၂၀ နှင့် ညီမျှသော ပြစ်ဒဏ် ဖြစ်ကြောင်း၊ ထိုအတွင်းမှ နှစ်ဦးမှာ အသက် မပြည့်သောကြောင့် ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ် ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး လက်ဝယ် တွေ့သူ တစ်ဦးအား မူးယစ်ဆေးဝါးမှု အတွက် ၁၅ နှစ်နှင့် သစ်ခုတ်မှု အတွက် နှစ် ၂၀ စုစုပေါင်း ထောင် ဒဏ် ၃၅ နှစ် ချမှတ် ခဲ့ကြောင်း၊ ၄င်း ချမှတ် ခဲ့သည့် ပြစ်ဒဏ် နှင့် ပတ်သက်၍ အထက် တရားရုံးများ ဖြစ်သည့် ကချင်ပြည်နယ် တရား လွှတ်တော်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ အယူခံ နှစ်ကြိမ် ဝင်လို့ရကြောင်း ရှေ့နေ ဦးခင်မောင်မှ ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

တရုတ် သစ်ခုတ်သမား အမှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံရှိ မီဒီယာများနှင့် ပြည်သူလူထု များသည် ထိုအမှုနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက် မှုများကို အထူး အလေးထား စောင့်ကြည့် နေကြောင်း သိရှိရသည်။

(ဤသတင်းကို ရန်ကုန်အခြေစိုက် တရုတ်ဆင်ဟွာသတင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်)
ဧရာဝတီ


No comments:

Post a Comment

My Blog List