Monday, July 20, 2015

ပြည်သူများအတွက် မှန်ကန်သောအုပ်ချုပ်ရေးစနစ် ထူထောင်ပေးလို၍ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံတွင်ပြည်သူများအတွက် မှန်ကန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ် ထူထောင်ပေးလိုသော ကြောင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း (၆၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ၌ ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

‘‘ပြည်သူတွေကို မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုထူထောင် ပေးတဲ့နည်းနဲ့ အကျိုးပြုချင်ပါ တယ်။ ဒီလိုအကျိုးပြုချင်လို့ ကျွန် မတို့ဟာ ရွေးကောက်ပွဲကို ၀င်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်’’ဟု ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဇူလိုင် ၁၉ ရက်ကပြုလုပ်သော (၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးသည်အမှန်တကယ်ပြောင်းလဲမှသာ တိုးတက်မှုရှိမည်ဖြစ်ပြီး ပြောင်းလဲ ချင်ယောင်ဆောင်သည့် ပုံစံမျိုးဖြင့်သာဆက်လက်သွားနေမည်ဆိုပါက ပြည်သူများသည် ဆက်လက် ဆင်းရဲနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များတွင် ချမ်းသာကြွယ်ဝသူများမရှိဘဲ ပြည်သူတို့၏ ချမ်းသာ ကြွယ်ဝမှုသည် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုဟုခံယူကာ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင် သွားသူများ ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအနေဖြင့် အာဇာနည်များထားရှိသော စိတ် ဓာတ်များအတိုင်း လိုက်နာဆောင် ရွက်ကြစေလိုကြောင်းဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

‘‘ကျွန်မတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေဆိုပြီး ဖြစ်ရပါမယ်။ ကျွန်မတို့ဟာ အင်အားရှိလေ ကျွန်မတို့ တစ်ဦးချင်း ချမ်းသာလေဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေတော့ အခုကတည်းက အဖွဲ့ချုပ်အနား မကပ်ပါနဲ့ လို့ မေ တ္တာရပ်ခံပါရစေ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဇူလိုင် ၁၉ ရက်တွင် ရန်ကုန် မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးချုပ်၌ပြုလုပ်သော (၆၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရမည့်အချိန် တန်ပြီဖြစ်၍အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲတွင် မဲပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အ နိုင်ရရှိရန် ဆန္ဒမဲ တစ်ခဲနက်ပေး ရေးကိုလည်း(၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ထုတ်ပြန်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်၌ထည့်သွင်းဖော်ပြထားသည်။

ယခုလ ၁၁ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌ ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ် အများစုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။



No comments:

Post a Comment

My Blog List