Wednesday, July 22, 2015

ဒီငြိမ်းလင်းနှင့် စည်သူမောင် ရွေးကောက်ပွဲဝင်ရန် NLD သို့ လျှောက်လွှာတင်


ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေး ဦးဆောင်ခဲ့သူများဖြစ်သော ကိုဒီငြိမ်းလင်း နှင့် ကိုစည်သူမောင်တို့ ရွေး ကောက်ပွဲဝင်ရန် အတွက် NLD ပါတီ သို့ လျှောက်လွှာ တင်ထားကြောင်း သတင်းရရှိသည်။ “ကျွန်တော်က လွန်ခဲ့တဲ့ ဧပြီလ သင်္ကြန် မတိုင်ခင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ထားတာခင်ဗျ။ ၀င်ထားပြီးတော့မှ ရွေးကောက် ပွဲ ၀င်ဖို့အတွက်ကိုလည်း ပါတီက တာဝန်ပေးလာရင်လည်း လုပ်ဆောင်ဖို့ ဆန္ဒပြုထားတယ်”ဟု ကိုစည်သူမောင်က ပြော သည်။

ကိုစည်သူမောင်နှင့် ကိုဒီငြိမ်းလင်း တို့မှာ ၂၀၀၆ ခုနှစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပြန်လည် ဖွဲ့စည်း ရာတွင် ပါဝင်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၁၂ ခုနှစ်တွင် ပြန်လွတ်ခဲ့ကြသည်။

“တင်တော့ တင်ထားတယ်ဗျ။ ရွေး မရွေးတော့ မသိသေးဘူး။ အင်းစိန်မှာပဲ ၀င်ပြိုင်ဖို့ တင်ထားတယ်”ဟု ကိုဒီငြိမ်းလင်းက ပြောသည်။

၎င်းတို့သည် ထောင်မှ ပြန်လွတ်လာပြီးနောက် ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေးအတွက် ဦးဆောင်လှုပ်ရှား ခဲ့ကြသူများ ဖြစ်သည်။

Messenger News Journal 
Photo-Sithu Maung

No comments:

Post a Comment

My Blog List