Thursday, July 23, 2015

မြန်မာ FBR အီရတ်က IS ကို တိုက်ခိုက်


Free Burma Rangers (FBR) လို့ခေါ်တဲ့ အဖွဲ့ဟာ IS အစ္စလာမ်မစ် အဖွဲ့ကို တိုက်ခိုက်ဖို့ အီရတ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ Mosul မြို့အနီးတဝိုက်က IS ကို တိုက်ခိုက်နေတဲ့ Kurdish အဖွဲ့နဲ့ ပူးပေါင်းပြီး IS ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

FBR အဖွဲ့ထဲမှာ ကရင်လူမျိုး နှစ်ဦးနဲ့ ကရင်နီ ပြည်သားတစ်ဦးတို့ လိုက်ပါခဲ့ပါတယ်။

ကရင်နှစ်ဦးက Kurdish တွေကို ဆေးကုသပေးတဲ့ ကျန်းမာရေး ဝန်ထမ်းဖြစ်ပြီး ကရင်နီတစ်ဦးကတော့ ဒီခရီးစဉ်မှာ ဗီဒီယို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း Sinjar ဒေသမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ တိုက်ပွဲဖြစ်နေတဲ့ အသံတွေ၊ ပုံတွေကို တွေ့ခဲ့ရပါတယ်။

IS တွေရဲ့ လက်ချက်ကြောင့် ထွက်ပြေးရတဲ့ Kurdish တွေရဲ့ ဘဝ တစိတ် တပိုင်းကိုပါ မြင်ခဲ့ရပါတယ်။

Kurdish လူမျိုး ကလေးငယ်တွေနဲ့ ကရင် ဓမ္မတေးသီချင်းတွေကိုလည်း သီဆိုပြီး ဆော့ကစားခဲ့ကြတာကို လည်း တွေ့ခဲ့ရပါတယ်။ အဲဒီ ဗီဒီယိုကို Free Burma Rangers အဖွဲ့က Evil at Our Doorstep တံခါးပေါက် ဝနားက နတ်ဆိုး လို့ နာမည်ပေးထားပါတယ်။

FBR အဖွဲ့ကို ခရစ်ယာန်အဖွဲ့တချို့က ထောက်ပံ့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေနဲ့ နေထိုင်ရတဲ့ဘဝမှာ ဘယ်လိုရုန်းကန်အသက် ရှင်နိုင်သလဲ ဆိုတဲ့ ဘဝအတွေ့ အကြုံတွေကို Sinjar ဒေသက Kurdish တွေကို ဝေငှတာ ဖြစ်တယ်လို့ ဆိုပါတယ်။

FBR အဖွဲ့ဟာ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနယ်စပ်မှာ ဖြစ်ခဲ့တဲ့ စစ်တွေအတွင်း ဒဏ်ရာရသူတွေကို ကုသပေးတဲ့ နယ်လှည့် ကျောပိုးအိတ် အဖွဲ့လည်း ဖြစ်ပါတယ်။

IS ကနေ တိုက်ခိုက်လာတဲ့ လူတွေဘက်ကို ရပ်တည်လို့ တိုက်ခိုက်မှုမှာ ပါဝင်တာဖြစ်ပြီး FBR အနေနဲ့ တိုက်ခိုက်မှုကို မလုပ်လိုဘူးလို့ သာသနာပြုသူ Dave Eubank က ဒီဗွီဘီကို ပြောသွားခဲ့ပါတယ်။

Sinjar ဒေသဆီကို နောက်ထပ် FBR အုပ်စု တစ်စု ပို့ဆောင်ဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။

ABC


No comments:

Post a Comment

My Blog List