Saturday, July 25, 2015

တစ်သားမွေးတစ်သွေးလှလာတဲ့သက်မွန်မြင့်နှင့် စကားစမြည်


ကိုယ်ဝန်လနုစဉ် အချိန်ကတည်းက   ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှု ရပ်နားခဲ့သည့် သက်မွန်မြင့်က မီးဖွားပြီးသုံးလအကြာ ယခုရက်ပိုင်းတွင် နေတိုးနှင့်တွဲဖက်၍ ဗီဒီယိုဇာတ်ကား ပြန်လည် ရိုက်ကူးနေသည်။ ထို့ပြင် ဇူလိုင် ၂၃ ရက်တွင် ကျရောက်သည့်၎င်း၏မွေးနေ့ကို သားဖြစ်သူ‘အောင်ခေတ်’ ၏ရက်တစ်ရာပြည့်နှင့်ပေါင်း၍ပြုလုပ်ခဲ့သည်။ 

အနုပညာလှုပ်ရှားမှုများပြန်လည်ပြုလုပ်နေသည့် သက်မွန်မြင့် ကို သားဖြစ်သူ အားချစ်(ခ)အောင်ခေတ် အကြောင်း နှင့်ဆက်လက်လုပ်ကိုင်မည့် အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

သားလေးကို အိမ်နာမည်အားချစ် လို့ပေးဖြစ်ခဲ့တဲ့အကြောင်းနဲ့ ကလေးလေးအပေါ်မှာ ပရိသတ် တွေချစ် နေကြတဲ့အပေါ် မိခင် တစ်ယောက်ရဲ့ပီတိလေးကိုပြော ပြပေးပါလား။

သူ့ကို ဓာတ်ပုံရိုက်လိုက်တဲ့ အချိန်မှာရလိုက်တဲ့ပုံတွေက လူတော်တော်များများကို ချစ်ခင် စေတယ်။ စိတ်ချမ်းသာစေတယ်။ အဲဒီတော့ နာမည်လေးတစ်ခု အလွယ်ခေါ်ဖို့ အိမ်နာမည် သဘောပေးဖို့လို တယ်ဆိုတော့ သူ့အဖေက သူ့ကိုလူတွေအားလုံး က ဝိုင်းပြီးချစ်ကြတယ်။ နောက် ပြီး တနင်္ဂနွေသား လေးဆိုတော့ ‘အားချစ်’လို့ပေးရင်ကောင်းမယ် ဆိုပြီး စဉ်းစားတာ။ အဲဒါကို လော လောဆယ်ပေးဖို့ စဉ်းစားထား တယ်လို့ ကိုယ်ကပြောလိုက်တာ အကုန်လုံးပျံ့သွားပြီး ဒီနာမည်ကို အရမ်းသဘောကျတယ်။ ကလေး နဲ့နာမည်နဲ့လိုက်တယ်ဆိုပြီး တွင် သွားတာ။ မိခင်တစ်ယောက် အနေနဲ့ကတော့ တော်တော်ဝမ်း သာပါတယ်။ သားလေးနာမည်နဲ့ ပေ့ခ်ျထောင်ထားတာ ကိုယ် တောင်မသိဘူး။ တွေ့တော့ မှ သားသားက ရက်သားလေးနဲ့ ပေ့ခ်ျတစ်ခုတောင်ရှိတယ်ပေါ့။ သူ့ကို လူတွေဒီလိုချစ်ကြတဲ့ အပေါ်မှာလည်း ပီတိဖြစ်ပါ တယ်။ သူ့ကိုချစ်ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူကလည်းဉာဉ်ကောင်းတယ်ပြောရမှာပေါ့။ ငိုတာသိပ်မရှိဘူး။ ပြုံးတာများ တယ်ဆိုတော့ သူ့ပုံက ပြုံးတဲ့ပုံ လေးတွေ့ရတာများတယ်။ ဘာပဲ ဖြစ်ဖြစ် သက်မွန်တို့မိသားစုလေး ကံကောင်းတယ်လို့ပြောရမှာ ပေါ့။

အခုကြော်ငြာလေးတွေရိုက်ဖြစ် တာလည်းတွေ့ရတော့ဓာတ်ပုံ ရိုက်တဲ့အချိန်မှာ ဘယ်လိုထူးခြား ချက်တွေ ရှိလဲ။

သက်မွန်ကလည်း မိခင် နေရာကိုရောက်လာတော့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးနဲ့ပတ် သက်တာတွေ လည်း ရိုက်လာရ တယ်ဆိုတော့ သားလေးနဲ့လည်း ရိုက်ဖြစ်တယ်။ ပညာပေးလေး တွေရိုက်ရတာဆိုတော့ ကလေး ကိုပေးရိုက်ဖြစ်တာ။ ကလေးက လည်း ငိုယိုတာနည်းတော့ ပုံ ကောင်းလေးတွေရတယ်။

ကလေးမွေးပြီးတဲ့အချိန်မှာ ခန္ဓာ ကိုယ်လည်းဝလာတော့ ပရိသတ် တွေက ဝိတ်ချစေချင်ကြတယ်။ အဲဒီ တော့ ဘယ်တော့လောက် ဝိတ်ချဖြစ်မှာလဲ။

ကလေးကို မိခင်နို့တိုက်နေ တဲ့အခါကျတော့ အစားလျှော့စား လိုက်ရင် ကလေးနို့တိုက်ဖို့ခက် သွားလိမ့် မယ်။ ကလေးဆိုတာက မိခင်နို့ကနေ အာဟာရယူပြီး ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှုရော၊ ဦးနှောက်ဖွံ့ ဖြိုးမှုရော အားလုံးတည်ဆောက် ရတာဆိုတော့ မိခင်နို့မှာ အာဟာ ရအပြည့်ပါဖို့လိုတယ်။ အစား လျှော့စားလိုက်လို့ အာဟာရတစ် ခုခုလျော့သွားရင် ကလေး အတွက် ထိခိုက်တယ်။ ဒီအချိန် က သူတို့တစ်သက်လုံးအတွက် တည်ဆောက်နေတဲ့အချိန်။ မိခင် နို့သောက်ရတဲ့သူနဲ့ မသောက်ရ တဲ့လူက ဉာဏ်ရည်ဖွံ့ဖြိုးမှုအနေ အထားရော ကြီးလာတဲ့အခါမှာ သက်ရောက်မှုရှိတယ်ဆိုတဲ့အခါ ကျတော့ ကိုယ်က အစားလျှော့ စားလို့ မရဘူး။ ခွဲမွေးထားတဲ့သူ ဖြစ်တဲ့အတွက် အနာကိုညှာပြီး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်လို့မရဘူး။ ဒီအချိန်က ကလေးငယ်နေသေးတဲ့သွေးနု သားနုအချိန်ဖြစ်တော့ တစ်ခုခု ဖြစ်သွားမှာစိုးတယ်။ ဝနေလို့ဘာ မှဖြစ်မသွားဘူး။ ပိန်အောင်လုပ် လိုက်ခါမှ ဆိုးကျိုးတွေရစရာက အများကြီးရှိတယ်။ လူတွေက တော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ လှ စေချင်တဲ့စိတ်နဲ့ ပြောကြတာ နားလည်ပါတယ်။ အဲဒီအတွက် သူတို့ဆန္ဒကို မဖြည့် ပေးနိုင်သေး တဲ့အတွက်လည်း ခွင့်လွှတ်ပါလို့။

ဝလာပေမယ့် တစ်သားမွေးတစ် သွေးလှလို့ပြောကြတဲ့အပေါ်မှာ ကော ဘယ်လိုခံစားရလဲ။

တစ်သားမွေး တစ်သွေးလှ ဆိုတာက အရင်ကတော့ အဲဒီ စကားကို သိပ်နားမလည်ဘူး။ အခု ဘယ်လိုနား လည်လဲဆိုတော့ သွေးသားအကုန်လုံးကို အသစ်ကနေ ပြန်တည်ဆောက်လိုက်တဲ့ အခါကျတော့ လတ် လတ်ဆတ် ဆတ်ဖြစ်နေတာတစ်ခု။ နောက် ပြီးတော့ကိုယ်က အိမ်ထဲမှာပဲနေ ရတော့ အပြင်လေမထိတော့ ဘူး။ ရှုတင်မှာတုန်းကဆို နေပူထဲမှာ လည်းရိုက်ရတယ်။ မိုးရွာထဲမှာ လည်းရိုက်ရတော့ အသားအရေ အရမ်းပျက်စီးတယ်။ အခုက နေမထိလေမထိဆိုတော့ တော် တော်ကြီးကို အသားအရေ ကောင်းသွားတဲ့ သဘော။ နောက် ပြီးကြည့်ရတာလည်း သွေးသား တွေပြောင်းသွားတော့ မျက်နှာက ကြည်တာ။ အဲဒါ ကြောင့် တစ်သားမွေးတစ်သွေးလှဆိုတာဖြစ် လာတာနေမှာ။

ဇာတ်ကားရိုက်ကူးမှုတွေက အ ရင်လိုပဲလက်ခံရိုက်ကူးတော့မှာ လား။

အခုကလေးကလည်းငယ် သေးတယ်ဆိုတော့ မိခင်မေတ္တာ ပေးနိုင်ဖို့အရေးကြီးတယ်။ ဒီအချိန်မှာတော့ အများကြီးရိုက် ပြီး သားလေးနဲ့ အရမ်းခွဲနေလို့ မဖြစ်သေးဘူး။ ခုနပြောသလို သူတို့ဘဝတစ်သက်လုံးအ တွက် တည်ဆောက်နေတဲ့အချိန်၊ အရမ်းကိုအရေးကြီးတဲ့အချိန်ဆိုတော့ ကိုယ်ကသာ ကိုယ့်ပရိသတ်တွေ ချစ်ကြတာလည်းပါတယ်။ ခွဲရ တာလည်းအရမ်းကြာတယ်ဆို ပြီး ဖြည်းဖြည်းချင်းရိုက်ဖို့ဆုံးဖြတ်လိုက်တာ။

ခန္ဓာကိုယ်ကနည်းနည်းပြည့်နေ တော့ ဇာတ်လမ်းရွေးချယ်မှုပိုင်း မှာ အခက်အခဲရှိလား။

ဇာတ်လမ်းရွေးချယ်မှုပိုင်း မှာတော့ အခက်အခဲသိပ်မရှိဘူး။ ကိုယ်ကလည်း ဘုတ်ဆုံမလို အရမ်းကြီးပုံပျက် သွားတာလည်း မဟုတ်ဘူးဆိုတော့လေ။ ခက်ခဲ တာက အဝတ်အစားပိုင်းမှာခက် ခဲတာ။ ကိုယ်က နဂိုက တည်းက လူကထွားတဲ့သူဆိုတော့ ဖိနပ်ဆို ရင် တော်တဲ့ဆိုဒ်မရှိဘူးဖြစ်နေ တယ်။ အဲဒီတော့ စတိုင်တွေ မလိုင်တွေ ဖမ်းချင်တဲ့အခါကျ နည်းနည်းခက်သွားတယ်။

အနုပညာအလုပ်တွေနားနေတဲ့ အချိန်မှာ ဖေ့စ်ဘွတ်ခ်ကိုပိုပြီးသုံး ဖြစ်တာက ပရိသတ်တွေနဲ့ ပိုပြီး ရင်းနှီးမှု ရစေတယ်လို့ပြောလို့ ရမလား။

သရုပ်ဆောင်တွေအနေနဲ့ က ပရိသတ်နဲ့ထိတွေ့မှုရဖို့ခက်ခဲ တယ်လေ။ အဆိုတော်တွေဆိုရင် သူတို့သီ ချင်းဆိုတဲ့ဖျော်ဖြေပွဲတွေ မှာ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ ခွင့်ရတယ်။ ကိုယ်တွေကျတော့ ထိတွေ့ခွင့် မရဘူး။ ဖေ့စ်ဘွတ်ခ် ပေါ်လာတာလည်း တော်တော် ကောင်းပါတယ်။ ကိုယ့်ပရိသတ် တွေရင်ထဲမှာရှိတာ ကိုဖတ်ရ တယ်။ မြင်ရတယ်။ သူတို့စကား လေးတွေကြားရတယ်။ ကိုယ့်ခံ စားချက်ကိုလည်း တိုက်ရိုက်ထိ တွေ့ခွင့်ရတဲ့သဘောရှိတယ်။ ကိုယ်ကလည်း အလုပ်တွေနားနေ တဲ့အချိန် အချိန်လည်းရနေတော့ သူတို့နဲ့ အချိန်ပေးပြီး ထိတွေ့မှုယူ တဲ့သဘောပါ။

ဖေ့စ်ဘွတ်ခ်မှာ အစ်မသားလေး ရဲ့ပုံလေးတွေ တင်ဖြစ်တာလည်း တွေ့ရတယ်။ နောက်ပြီး ဟာသ ပုံလေး တွေ တင်ပေးဖြစ်တာက ကော ဘာကြောင့်လဲ။

သားလေးကို သူတို့ချစ်ကြတဲ့အခါကျတော့ ပုံလေးတွေတင်ပေးဖို့ အမြဲတမ်းတောင်းဆိုတယ်။ကလေးရဲ့လှုပ် ရှားမှုတွေလိုက် ရိုက်တဲ့အချိန်မှာ အမူအရာလေး တွေပြောင်းပြောင်းနေတယ်။ အခုဖုန်းထဲမှာဆိုလည်း သူ့ပုံတွေချည်းပဲ။ ပုံများနေလို့ ဖျက်မယ်လုပ်ပြီး သေချာကြည့်လိုက်ရင်မျက်နှာအမျိုးမျိုးပြောင်းနေတဲ့ပုံလေး တွေဆိုတော့ ဖျက်လို့မရဘူး။ သဘာဝ အတိုင်းဖြစ်သွားတဲ့ သားလေးရဲ့ အမူအရာပေါ်မှာ ကိုယ့်အတွေး လေးနဲ့ ရေးဖြစ်တာ။

ဇာတ်ကားတွေမရိုက်ဖြစ်ပေ မယ့် အားပေးနေတဲ့ပရိသတ်တွေ အတွက် စကားလက်ဆောင်လေးပြော ပေးပါဦး။

ရင်ထဲကနေ လေးလေးနက်နက် ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ ကိုယ့်အနုပညာနဲ့ တစ်နှစ် လောက် ကိုဝေးကွာနေတဲ့အချိန်မှာ ကိုယ့်ကိုမမေ့ဘဲ မေတ္တာမပျက် ချစ်ခင်အားပေးကြတဲ့အတွက် အများ ကြီးကျေးဇူးတင် ပါတယ်။ အားပေးရကျိုးနပ် အောင်လည်းအခွင့်အရေးရသ လောက်၊ကိုယ်လုပ်နိုင်သ လောက်အပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါမယ်။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List