Monday, August 10, 2015

ဒီချုပ်အမတ်လောင်းကို ကောင်းအောင်ပြုပြင်မရလျှင် အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ရွေးချယ်ထားသူများတွင် ပါဝင်နေသည့်ဆိုးသောကိုယ်စားလှယ်လောင်းများကို ကောင်း အောင်ပြုပြင်ယူ၍ မရပါက အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၉ ရက် ညနေတွင်မင်းဘူးမြို့ရှိ မြို့ခံလူထုနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက် ပွဲနဲ့ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ရာ ၌  ယင်းသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

 ‘‘ကိုယ်စားလှယ်လောင်းတွေရဲ့  နာမည်တွေနဲ့ ကြည့်မနေပါနဲ့။ ကောင်းတဲ့သူလည်းရှိမယ်။ ဆိုးတဲ့သူလည်း ရှိမယ်။ ဆိုးလို့ရှိ ရင် ကျွန်မတို့ ပြင်ယူမယ်။ ကောင်း တဲ့သူတွေကို ပိုပြီးတော့ ကောင်း အောင် လုပ်မယ်။ ကျွန်မတို့ဟာ ဒီနိုင်ငံမှာရှိတဲ့ ၅၂ သန်းကျော်ရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်း ပေးဖို့၊  ဒီတော့ကိုယ် စားလှယ် ၁,၀၀၀  လောက်တော့  ကောင်းကောင်းလေးနိုင်တယ်။  ဒီတော့ စိတ်မပူပါနဲ့။ ဒီကိုယ်စားလှယ် က မကောင်းဘူးဆိုရင်  ကောင်း အောင်ကျွန်မတို့က ကြိုးစားမယ်။ မရလို့ရှိရင် ကျွန်မတို့ကစည်းကမ်း အရ အရေးယူမယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးကောင်း ကြောင်း ထောက်ခံစာများ တောင်းခံထားကာ ယင်းသို့တောင်းဆိုရခြင်းသည်၂၀၁၂ကြားဖြတ်ရွေးကောက် ပွဲတွင် အနိုင်ရရှိသော ကိုယ်စားလှယ်လောင်းအချို့ ကျန်းမာရေးမကောင်းမွန် သည့်အတွက် တာဝန်ထမ်း ဆောင် ရာ၌ အခက်အခဲရှိခြင်းကြောင့်ဟု ဆိုသည်။

မိသားစုရေးထက် တိုင်းပြည် လူထုအရေးကို ဆောင်ရွက်ပေး မည့်သူများကိုသာ ကိုယ်စားလှယ် လောင်း အဖြစ် ရွေးချယ်လိုသည့် အတွက် မိသားစုတစ်စုတွင် ကိုယ်စားလှယ်လောင်းတစ်ဦးသာယှဉ် ပြိုင်ခွင့်ပေး ရန်  စည်းမျဉ်းစည်း ကမ်းထုတ်ထားသည်ဟုလည်း ၎င်းက  ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၉ ရက် နံနက် ပိုင်းက နေပြည်တော်မှ  မင်းဘူးမြို့သို့ သွားရောက် ခဲ့ပြီး ညနေတွင် မန်းသီတာဟိုတယ်ရှေ့၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

မင်းဘူးမြို့တွင် ညအိပ်ကာ သြဂုတ် ၁၀ ရက် (ယနေ့)တွင်ပွင့်ဖြူ၊ စေတုတ္တရာမြို့များသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List