ချင်းပြည်နယ်ရှိ ရေဘေးသင့်ပြည်သူအချို့သည် စားနပ်ရိက္ခာများ ပြတ်လပ်လာသောကြောင့် ထောက်ပံ့ ကယ် ဆယ်ရေးလုပ်ငန်းများကိုယ်တိုင်သွား ရောက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့် က ပြောသည်။
‘‘ချင်းပြည်နယ်မှာဆိုရင် တော့ အဝတ်အစားတွေထက် အစားအသောက်ကိုတောင် ဒုက္ခ ရောက်နေတော့ စားစရာတွေ လည်းပို့ပေးမယ်။ သူတို့တကယ် ကိုလိုအပ်နေပြီဆိုတော့ အခု ကိုဝေဠုနဲ့တိုင်ပင်ပြီး ကိုယ်တိုင် သွားဖို့လည်းစီစဉ်နေတယ်။ ကောက်ခံရရှိထားတဲ့အလှူငွေ ပမာဏကလည်းများလာပြီဆိုတော့ပထမဘဏ် ကလွှဲပေးမလို့ ပဲ။ အခုထိရာသီဥတုကမကောင်း သေးတော့ သူတို့က ဘဏ်ကလွှဲတာကို လက်ခံလို့မရသေး ဘူး ပြောတယ်’’ဟု သက်မွန်မြင့်က ပြောသည်။
သက်မွန်မြင့်က ၎င်း၏ဇာတိ ဖလမ်းမြို့တွင် လမ်းပန်းဆက် သွယ်ရေးပြတ်တောက်နေမှု ကြောင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းများနည်း ပါးနေ၍ စားနပ်ရိက္ခာများပြတ် လပ်ကာ ပြည်သူများဒုက္ခရောက် နေသည့်အတွက် ထောက်ပံ့ရေး လုပ်ငန်းများ အမြန်ဆုံးလုပ် ဆောင်ပေး မည်ဟု ပြောသည်။
‘‘ရေဘေးကြောင့် ဒုက္ခ ရောက်နေတဲ့သူတွေမှာ တစ်ဒေသနဲ့တစ်ဒေသမတူတာကြောင့် မြေ ပြန့်ကပြည်သူ တွေဆီကိုတော့ ထောက်ပံ့ရေးတွေတော်တော် များများရောက်ကြတယ်။ ဒီအချိန်မှာ ရေဘေးသင့်ပြည်သူ တွေအ တွက် လှူဒါန်းတဲ့အလှူရှင်တွေ ကိုလည်း တကယ်ကိုကျေးဇူးတင် ပါတယ်။ အခုဆိုရင် ဟားခါးမှာရှိ တဲ့လူခြောက်ထောင်လောက်က ဒုက္ခသည်စခန်းရောက်နေတယ်။ ကျန်တဲ့သုံးထောင်ကျော်လောက်က အမျိုးတွေအိမ်လိုက်နေရတာ တွေကို အချက်အလက်တွေ ကောက်ထားတယ်။ ဖလမ်းမြို့ နယ်မှာဆိုရင် ရွာပေါင်း ၈၀ ရှိတာ ကို ၁၅ ခုပဲကောက်လို့ရသေးတယ်။ သက်မွန် အခုဒါတွေကို လည်း ကြိုးစားလုပ်ပေး နေတယ်’’ ဟု ပြောသည်။
လက်ရှိတွင် ကောက်ခံရရှိ ထားသည့် အလှူငွေစုစုပေါင်းမှာ ကျပ်သိန်း ၄၅၀ကျော်ရှိပြီး ၎င်းကိုယ်တိုင် လှူဒါန်းထားသည့် ငွေကြေးမှာ ကျပ်သိန်း ၂၀ကျော်ရှိ ကြောင်း သိရသည်။
ရေဘေးကြောင့်ဒုက္ခရောက် နေကြရသည့် ပြည်သူများကို လည်း သက်မွန်မြင့်က ‘‘ရေဘေး ဒဏ်ခံနေကြ ရတဲ့ ပြည်သူတွေ အမြန်ဆုံးဒုက္ခတွေကနေ လွတ်ငြိမ်းပါစေ။ သက်မွန်တို့လည်း အတတ်နိုင်ဆုံးကြိုးစားလုပ် ဆောင် ပေးနေပါတယ်’’ဟု ဆုတောင်း စကားဆိုခဲ့သည်။
7Day Daily
No comments:
Post a Comment