Thursday, August 13, 2015

“လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကို ဖမ်းဆီးထိန်းသိမ်းလို့ရသလား” ဦးကိုနီ ( တရားလွှတ်တော်ရှေ့နေ)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက်ရသော သူရဦးရွှေမန်းမှာ လက်ရှီ တွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကတစ်ဦးဖြစ်သည်။ သို့သော် လွှတ်တော် ဥက္ကဌရာထူးမှသူရဦးရွှေမန်းအားဖြုတ်ချ၍ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ဥပဒေကြောင်းအရအလွယ် တကူပြု လုပ်၍မရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုကဲ့သို့ရှင်းလင်းဖြေ ကြားသည်။

“လွှတ်တော် ဥက္ကဌ တစ်ယောက်ကို လွယ်လွယ်ကူကူ ထိန်းသိမ်းလို့မရဘူး လွှတ်တော် ဥက္ကဌ မှာ ကင်းလွတ် ခွင့်တွေကလည်းရှိတယ်လေ။ အဲဒီတော့ လုပ်ထုံးလုပ်နည်းပိုင်းတွေ အများကြီး ရှိနေတော့ အလွယ် တကူ တော့ လုပ်လို့မရပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာက ဖြစ်ချင်တာ ဖြစ်နေတတ်တယ် ။

အဲဒီတော့ ဒီဟာတွေက ဥပဒေပိုင်း ကိုင်ပြောလို့မရ ဘူးလေ အခြေအနေတွေက ရှုပ်ထွေးနေတယ်။စောင့် ကြည့်နေတာ ဥပဒေ အရ တော့ လွှတ်တော် ဥက္ကဌ အဖြစ်က ဖြုတ်ချဖို့ဆိုရင် လွှတ်တော်မှာ စွပ်စွဲ ပြစ်တင် ပြီးလို့တော့ လုပ်လို့ရတယ်။

ဒါပေမဲ့ လွယ်လွယ်လေး ဖြုတ်လို့မရ ပါဘူး လွှတ်တော် ဥက္ကဌ ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာ တာဆိုတော့ လွယ်လွယ်ကူကူ ဖြုတ်ချလို့မရပါဘူး”

ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)
7Day News Journal

No comments:

Post a Comment

My Blog List