Saturday, August 15, 2015

ထိုင်းဘုရင် စနစ်ကို စော်ကားမှုကြောင့် ပြစ်ဒဏ်ချခံရသူများ ပြန်လွှတ်ရေး ကုလတောင်းဆို


ကုလသမဂ္ဂက ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို စော်ကားမှုအတွက် ကာလကြာ ရှည် ထောင်ဒဏ်ချမှတ်တဲ့ ပြင်းထန်တဲ့ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ပြစ်ဒဏ်ချခံ ရသူတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းလိုက် ပါတယ်။

ထိုင်းစစ်ခုံရုံးက ဘုရင်စနစ်ကို စော်ကားမှုအတွက် လူ ၂ ယောက်ကို ထောင်ဒဏ်နှစ် ၃၀ နဲ့ ၂၈ နှစ် အသီး သီး ချမှတ်ခဲ့တာပါ။

ဒါဟာ ထိုင်းသမိုင်းမှာ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့ ရှေ့နေတွေနဲ့ တရားရေးစောင့်ကြည့်လေ့လာတဲ့ အုပ်စုတွေက ပြောပါတယ်။

ခရီးသွားကိုယ်စားလှယ်တယောက်က ဖေ့စ်ဘွတ်ခ်မှာ တော်ဝင်မိသားစုဝင် တွေကို ဝေဖန်တဲ့ မှတ်ချက် ၆ ခု ရေးတင်မိတဲ့အတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ ပြော ခွင့်ရ ရာဗီနာ ရှမ်ဒါစာနီက ပြောပါတယ်။

ပွန်ဆခ် စရီဘွန်ဖန်ဟာ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်ကြား ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာသား ၆ ခါ တင်မှုအတွက် ကနဦးက ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခံရတာပါ။ ဒါပေမယ့် အပြစ်ကို ဝန်ခံ အသနားခံခဲ့လို့ နှစ် ၃၀ ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

စာစီဗီမို ပါတွန်ဝမ်ဖာငရန် ကတော့ တော်ဝင်မိသားစုဝင်တွေကို စော်ကားတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က စာသား ၇ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ထောင်ဒဏ် ၅၆ နှစ်ကို တဝက် လျှော့ချခံခဲ့ရတာလို့ ကုလသမဂ္ဂ က ပြောပါတယ်။

ထိုင်းစစ်ခုံရုံးဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်နဲ့ မညီမှုအတွက်ရော လေ့လာသူတွေကို တားမြစ်တာနဲ့ အယူခံဝင်ခွင့်ကို ပိတ်ပင်တာတွေကြောင့် ဝေဖန် ခံနေရပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့် လူ့အခွင့်အရေးအတွက် တရားမစီရင်ခင် ကာလကြာရှည် ချုပ်နှောင် ထိန်းသိမ်း တာ ဒါမှမဟုတ် ထောင်ချတာတွေက နေ ချက်ချင်းလွှတ်ဖို့ တောင်းဆိုတယ်၊ တော်ဝင်မိသားစုကို ကာကွယ် တဲ့ ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်နဲ့အညီ ပြုပြင်ဖို့ စစ်အစိုးရကို တိုက်တွန်းတယ်လို့ ကုလ လူ့အခွင့်အရေး အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် ရဲ့ ကျန်းမာရေးအပေါ် စိတ် သောကရောက်မှုတွေ မြင့်တက်လာချိန်မှာ ခုလို ပြစ်ဒဏ်ချမှု ပေါ်ထွက်လာတာပါ။

၂၀၁၄ မတ်လ အာဏာသိမ်းမှုအပြီး တော်ဝင်မိသားစုအပေါ် စော်ကားမှု အတွက် ပြစ်ဒဏ်စီရင်မှုတွေ သိသိသာသာ တိုးလာပြီး အမှု ၄၀ ကျော်ခဲ့တယ် လို့လည်း ကုလ ပြောခွင့်ရက ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List