Wednesday, August 12, 2015

ရွေးကောက်ပွဲ ၀င်မည်မဟုတ် ဗေလုဝငြင်းဆို


ဟာသသရုပ်ဆောင် ဗေလုဝက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာမှ စာရင်းတင်သွင်း ခဲ့သည်ဆိုသည့် သတင်းကို ငြင်းဆိုလိုက်သည်။ ယင်းသတင်းမှာ ယမန်နေ့ က Facebook တွင် ပြန့်ခဲ့သည်။

““ကျွန်တော် မသိပါဘူး။ အခုက ရေဘေးသင့် ပြည်သူတွေကို ကူညီနေတာပါ။ ဟင်္သာတ၊ အင်္ဂပူက မနေ့က ပဲ ပြန်လာတာ။ ဘယ်က သွားရွေးရမှာလဲ။ ကယ်ဆယ်ရေး ကိစ္စတွေပဲလုပ်နေတာပါ။ အလှူခံ နေတာပါ။ ဒီလိုသတင်းတွေ ကတော့ ရှင်းသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ဘာမှမလုပ်ပါဘူး။ သူတို့ထင်တာကို ပြောတာပေါ့။ သူတို့ကထင်နေတာ။ ကျွန်တော်က နိုင်ငံရေးမလုပ်ပါဘူး။ ကျွန်တော်က နိုင်ငံရေးကို စိတ်ဝင် စားတာပါ””ဟု သရုပ်ဆောင် ဗေလုဝက ပြောသည်။

ဟာသရုပ်ဆောင် ဗေလုဝသည် ရေဘေးသင့် ပြည်သူများ အတွက် ကူညီကယ်ဆယ်ရေးများနှင့် အလှူငွေ ကောက်ခံခြင်း များကိုသာ လုပ်ဆောင်နေပြီး ရုပ်ရှင်ကားကြီးဖြစ်သည့် သားဘီလူး ရိုက်ကူးရန် စောင့်ဆိုင်း နေခြင်း ဖြစ်သည်ဟု ဆိုသည်။

Messenger News Journal


No comments:

Post a Comment

My Blog List