Friday, August 14, 2015

မိတ္ထီလာ NLD ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ်ခံရ


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအပါအ၀င် ခေါင်းဆောင် ၆ ဦးကို ပါတီဝင်အဖြစ်ကနေ ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။ မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ အတွက် အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်မပေးထားသူတစ်ယောက် ရဲ့ အောင်နိုင်ရေးကို လုပ်ဆောင် နေသူ တွေဖြစ်တာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

"အဓိကကတော့ ကိုယ်စားလှယ်လောင်း ကျနော်တို့ဆီမှာ ဝင်လျှောက်တယ် ခင်ဗျ၊ ဒါပေမဲ့ ကျနော်တို့ မရွေးဘူး၊ မရွေးတဲ့အတွက် အဲ့လူက တစ်သီးပုဂ္ဂလ ဝင်အရွေးခံမယ်လို့လုပ်တယ်၊ သူ့အနေနဲ့ ပြင်ပလူမို့ လုပ်တာမဆန်းပေ မဲ့ အဖွဲ့ထဲကလူတွေကပါ အဲ့ဒါကို အားပေးအားမြှောက် လုပ်တယ်ဆိုတာက တော့ ပါတီမျက်နှာမထောက်တဲ့ သဘောရှိတယ်၊ ပါတီစည်းကမ်းချိုးဖောက် တဲ့ သဘောလည်းရှိတယ်လေ၊ အဲ့ဒါကြောင့်မို့ အရေးယူလိုက်တာပါ"

မိတ္ထီလာမြို့နယ်ပါတီနာယက ဦးသိန်းနိုင်နဲ့တကွ အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ဦးကို ပါတီဝင်အဖြစ်ကနေ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဦးသန်းစိုး ဆိုသူဟာ အန်အယ်လ်ဒီပါတီကနေ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်လိုကြောင်း အဆိုပြုခဲ့တာဖြစ်ပြီး ရွေးချယ်မခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ၀င် ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဦးသန်းစိုးအနေနဲ့ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာကြောင့် ထုတ်ပယ်ခံရတာဖြစ်တယ်လို့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရသူတစ်ဦး ဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

"အရင်တုန်းက ဦးသန်းစိုး က တိုင်းဒေသကြီး ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်၊ အမျိုးသား လွှတ် တော်နေရာမှာပါတဲ့ ဦးသန်းစိုး က စိတ်ဆန္ဒရှိတယ်၊ ဗဟိုကိုအကြိမ်ကြိမ်အခါခါအသိပေးတယ် ဒါပေမဲ့ ဗဟိုကပြင်ဆင်မှု မရသည့်အတွက်ကြောင့် တိုင်းဒေသကြီးမှာပါဝင်ယှဉ်ပြိုင်ဖို့ ကျနော်တို့က ဝိုင်းဝန်းပြီး တော့ ပါတီဝင်တစ်ဦးအနေနဲ့ လုပ်ပေးတာပေါ့ခင်ဗျာ"

အန်အယ်လ်ဒီပါတီဗဟိုက မိတ္ထီလာမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဒေါက်တာဝင်းစိုးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးတင်ကိုကိုနဲ့ ဒေါက်တာခင်စိုးတို့ကို ရွေးချယ် ပေး ထားတာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်ပေးထားတဲ့ ပခုက္ကူမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မြို့နယ်က ခေါင်းဆောင် ၁၀ ဦးကိုလည်း ပါတီဗဟိုကနေ ထုတ်ပယ်ထားပြီးဖြစ်ပါ တယ်။

RFA

No comments:

Post a Comment

My Blog List