Friday, August 14, 2015

“NLD ဆုံးဖြတ်ချက်ကို ဆွေးနွေးလို့ရတယ်။ ဝေဖန်လို့ရတယ်။ ဆန်္ဒပြခွင့်တော့မရှိဘူး”” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း


နိုဝင်ဘာရွေးကောက်ပွဲတွင် အာဏာရပါတီကိုယှဉ်ပြိုင်ပြီး အစိုးရဖွဲ့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်မဟုတ်သည့် တတ်သိပညာရှင်များအပြင်၊ နိုင်ငံရေးအရ ထင်ရှားကျော်ကြားသောသူများကို ဖိတ်ခေါ်ခဲ့ သော်လည်း နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုကိုကြီးအပါအ၀င် ရန်ကုန် တိုင်းလွှတ်တော်ကို ခြိမ်းခြောက်နိုင်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းတို့ကို ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့ နုတ်ထွက်ရန်ပြင်ဆင်နေကြ သကဲသို့ အချို့နေရာတို့တွင် ပါတီကိုကန့်ကွက်ဆန်္ဒပြလာကြခြင်းတို့ကြောင့် ပါတီ တွင်းအခြေအနေ၊ နောင်လာမည့် အလားအလာနှင့်ပတ်သက်၍ ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးညဏ်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက် နုတ်ဖော်ပြခဲ့ပါသည်။

မေး။ ။ ၈၈ နဲ့NLD ပူးပေါင်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုး စား မယ်။ တတ်သိပညာရှင်တွေရော ဆိုတော့ ပြည်သူ တွေက ဒီအပေါ်မှာ အများကြီးမျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းစာရင်း ထွက်လာတော့ မျှော်လင့်ထားကြသလို ၈၈ က ကိုကိုကြီးတို့ ဒေါက်တာ ဒေါ်ညိုညိုသင်းတို့ မပါလာကြဘူး။ အဲဒီအပေါ်မှာ ဝေဖန်သံတွေ တော်တော် ကျယ်ကျယ် လောင်ထွက်နေပါတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေး နိုင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့က ထူးထူးခြားခြားမမြင်ဘူးဗျ။ သူတို့ကNLD အဖွဲ့ဝင်အဖြစ်ဝင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်တာကို လက်ခံခဲ့ တယ်။ ကျွန်တော်တို့ကလည်း ပြောတယ်။ ရွေးကောက်ပွဲကို ၀င်ချင်ရင်NLD နာမည်နဲ့ ၀င်ကြ၊NLDအဖွဲ့ဝင်ဖြစ်ရမယ်လို့ နဂိုကတည်းကပြော တယ်။ သူတို့လက်ခံတယ်။ အဲဒါကြောင့် အဖွဲ့ဝင်အဖြစ် လျှောက်ပြီးတော့မှ တစ်ပြိုင်နက်တည်းမှာ ကိုယ်စားလှယ်ရွေးချယ်ဖို့လည်း လျှောက်တယ်။ လျှောက်တဲ့အခါမှာNLDက အဖွဲ့ဝင်တွေ စဉ်းစားသလိုပဲ သူတို့ကိုလည်း စဉ်းစားတယ်။ အဲဒီတစ်ပိုင်းပေါ့။ နောက်ခင်ဗျားပြောတဲ့အထဲမှာ တတ် သိပညာရှင်တွေဆိုတာ တတ်သိပညာရှင်တွေက ရွေးကောက်ပွဲဝင်ဖို့ မဟုတ် ဘူး။ ကြားထဲက လျှောက်လွှာတိုင်းကို သုံးသပ်ဖို့ရွေးဖို့လည်း မဟုတ်ဘူး။ သင့်တော်တယ်၊ မသင့်တော်ဘူး။ ဒါပဲလုပ်တာ။ အဲဒီလိုစဉ်းစားပြီးတော့ ရွေး လိုက်တဲ့အထဲမှာ သူတို့မပါလာဘူး။ အားလုံးမပါဘူးလားဆိုတော့ ပြုံးချို တစ်ယောက်တော့ကျန်တယ်။ နောက်ပြီးတော့ နယ်မှာ လေး၊ ငါး ယောက် လောက်ပါတယ်။ သိပ်ထင်ရှားတဲ့ဟာတော့ မဟုတ်ဘူးထင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဆက်အသွယ်တွေပါတယ်။ အဲဒီမပါလာတာနဲ့ ပတ်သက်ပြီးတော့ ဥက်္ကဋ္ဌနဲ့သူတို့နဲ့ ပြောဆိုဆွေးနွေး ပြီးပါပြီ။ အဲဒီအခြေအ နေကိုတော့ မပြောတတ်ဘူး။ 

မေး။ NLD အနေနဲ့ ၈၈ ကို နေရာမပေးနိုင်တာက ပါတီဝင် တွေထက် ဦးစားမပေးနိုင်တာ ကြောင့်လား။

ဖြေ။ ။ သာမန်အဖွဲ့ဝင်တွေနဲ့ တန်းတူပဲထားပါတယ်။ သူတို့က ပါတီ မဟုတ်ပါဘူး။ ပါတီချင်းပေါင်းတာလည်း မဟုတ်ပါ ဘူး။ ဒါကြောင့် ဒှီကဘနြခအ ကို စဉ်းစားလို့မရပါဘူး။ 

မေး။ ။ NLDရဲ့ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပိုင်းကို သိခွင့် ရရင်သိချင်ပါတယ်။ မြို့နယ်အောင်နိုင်ရေးက ရွေးချယ် တဲ့သူတွေကိုပဲ ရွေး ချယ်သလား။ ဗဟိုက တိုက်ရိုက်ရွေးချယ်တာရောရှိလား။

ဖြေ။ ။ ဒါက ဒီလိုပါ။ ဥပမာ ပြည်သူ့လွှတ်တော်ကို လူတစ်ယောက် ၀င်ချင်တယ်လို့ မြို့နယ်က လျှောက်တယ်။ ကျွန်တော် တို့ရဲ့ ညွှန်ကြားချက်က မြို့နယ်အောင် နိုင်ရေးနဲ့ မြို့နယ် EC တို့ Join ထိုင်ပါ။ ဒီပုဂ်္ဂိုလ်နဲ့ ပတ်သက် ပြီးတော့ အရွေးခံဖို့ သုံးသပ်ချက်ပေးပါ။ လုံးဝမကြိုက်ရင်လည်း အဲဒီ လျှောက်လွှာကို ပယ်လို့မရဘူး။ ဗဟိုတော့တင်ပေးရမယ်။ အဲဒါတိုင်းကို တင်မယ်။ တိုင်းကလည်း ဒီသဘောအတိုင်းပဲ။ ပြီးမှ ဗဟိုတင်မယ်။ ဗဟို ရောက်ပြီးတော့မှ တတ်သိပညာရှင်တွေဆီ အပ်၊ သူတို့က မှတ်ချက်ပေး၊ မှတ်ချက်ပေးပြီး ရပြီးတဲ့ဟာကိုမှ CEC ကစဉ်းစားတယ်။ အမျိုးသား လွှတ် တော်လဲဒီအတိုင်းပဲ။ တင်လာတဲ့ လျှောက်လွှာ မှန်သမျှကို အောက်ခြေမှာ ဘယ်မှာမှ မပယ်ဘူး။ တချို့ကတော့ ရွေးချယ်တယ်ဆိုပြီးလုပ် တယ်။ အမှန်က ရွေးချယ်ခွင်မပေးဘူး။ သုံးသပ်ချက်ပဲ တောင်းတာ။ 

မေး။ ။ ပြီးခဲ့တဲ့နေ့ကတော့ တော်ဝင်နှင်းဆီမှာ တောင်ဥက်္ကလာပမြို့နယ် အောင်နိုင်ရေးက ရွေးပေးတဲ့သူကို မရွေးဘူးလို့ ပြောတယ်။ အဲဒီအပေါ် မှာရော။

ဖြေ။ ။ ကျွန်တော်တို့မသိဘူး။ စနေမှာ အစည်းအဝေးတစ်ခုတော့ ရှိတယ်။ ရန်ကုန်တိုင်းက သူတို့ပြုပြင်ပေးစေချင်တဲ့ အချက်တွေရှိတယ်။ အဲဒီရဲResult ကိုတနင်္ဂနွေမှာပေးတာ။ နောက်အောင်နိုင်ရေးလည်း ပေးထားတယ်။ အောင်နိုင်ရေး က စဉ်းစားနေတယ်။ ကျွန်တော်အခု ဖြေလို့ မရဘူး။ 

မေး။ ။ အခုတလော ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ မကျေနပ်ကြလို့ နုတ်ထွက်ဖို့၊ ကန့်ကွက်ဖို့ လုပ်နေ တာကြားနေရတယ်။ နောက်ပြီး ပခုက်္ကူမှာလည်း မြို့နယ်အောင်နိုင်ရေးကရွေးတဲ့သူတွေကို မရွေးလို့ ဆန်္ဒပြနေကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ။ ။ကျွန်တော်တို့ စည်းကမ်းထိမ်းအဖွဲ့က စဉ်းစားနေပါတယ်။ တစ် ခုခုဆောင်ရွက်ဖို့လိုမလားလို့။ နည်းနည်းစောင့် ကြည့်ပါဦး။ ကျွန်တော် ဒီနေ့ တော့ ပြောလို့မရသေးပါဘူး။ 

မေး။ ။ စည်းကမ်းထိန်းအဖွဲ့က ကန့်ကွက်တဲ့သူတွေရော၊ ဆန်္ဒပြတဲ့ သူတွေရော အရေးယူဖို့လား။

ဖြေ။ ။ခင်ဗျားကNLD အဖွဲ့ဝင် ဆိုရင် NLD ဆုံးဖြတ်ချက်ကို ဆွေး နွေးလို့ရတယ်။ ဝေဖန်လို့ရတယ်။ ဆန်္ဒပြခွင့်တော့မရှိ ဘူး။ ဆန်္ဒပြတဲ့ အပေါ် မှာ စည်းကမ်းထိန်းသိမ်းရေးက စဉ်းစားနေတာ။

မေး။ ။ပါတီဝင်တွေရဲ့ မကျေနပ်တဲ့ အသံတွေကျယ်ကျယ်လောင် လောင်ထွက်လာရင် NLD ရဲ့စည်းလုံးမှုကိုထိခိုက် သွား နိုင်လား။ 

ဖြေ။ ။ ကျွန်တော့် အမြင်ပြောရရင် ခင်ဗျားတို့ ပြောနေတဲ့ များတယ် ဆိုတဲ့ဟာက နည်းသေးတယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တကယ် ဖြေရှင်းပေးနေတာက အဲဒီထက်မကဘူး။ အခုထိဖြေရှင်းနေရတယ်။ အဲဒီတော့ ဒီဟာတွေက ထိခိုက်မလားလို့ပြောရင် ဒီမိုကရေစီပါတီတစ်ရပ် အနေနဲ့ ကျွန်တော်တို့ ဒါကိုကြိုဆိုပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်တာ က သက်သက်၊ သူတို့ဒီလိုပြောနေတာကို ပြောခွင့်မရှိဘူးလို့ ဘယ်တော့မှ မပြောဘူး။ လူတိုင်းသဘောထား ထုတ်ခွင့်ရှိ တယ်။ ဒါပေမယ့် ဗဟိုရဲ့ဆုံး ဖြတ်ချက်ကို အောက်ခြေက မလိုက်နာရင်တော့ အဲဒါ အာဏာဖီဆန်မှုဖြစ် တယ်လို့၊ ဒါကျွန်တော့် တစ်ယောက်ထဲအမြင်ပြောတာ။ 

မေး။ ။ ဗဟိုရဲ့ဆုံးဖြတ်ချက်က အောက်ခြေက မလိုက်နာရင်ဆိုတော့ လေ ဗဟိုကချုပ်ကိုင်သလိုများ ဖြစ်နေမလား။

ဖြေ။ ။ဗဟို ဦးစီးချုပ်မဟုတ်ဘူး။ ကျွန်တော် Process ကို ပြောပြီးပြီ။ နောက်တစ်ခု ကျွန်တော်ပိုပြီး ရှင်းအောင်ပြောမယ်။ တကယ်တမ်း အောက် ခြေက ရွေးလိုက်တဲ့သူဟာ ကျွန်တော်တို့ အတည်ပြုတာ ၇၅ ရာခိုင်နှုန်း ရှိတယ်။ အတည်မပြုနိုင် ဘဲ ပြုပြင်လိုက်တာ ၂၅ ရာခိုင်နှုန်းရှိတယ်။ ၁၀၀Percent ဆိုရင် အပြင်တောင်ထွက်လို့ရမှာ မဟုတ်ဘူး။ 

မေး။ ။အောက်ခြေအောင်နိုင်ရေးကမကျေနပ်ရင် ရွေးကောက်ပွဲမှာ ထိခိုက်သွားနိုင်လား။

ဖြေ။ ။ထိခိုက်နိုင်တာပေါ့။ ရွေးကောက်ခံကိုယ်စားလှယ်တို့ရဲ့ လုံ့လ ၀ီရိယပေါ်မှာမူတည်တာပေါ့။ သူတို့ ဖာသိဖာသာ နေရင်ပိုရိုက်ခတ်မှာပေါ့။ သူတို့က နိုင်ငံရေးအရ တက်တက်ကြွကြွ လုပ်ရင်ရိုက်ခက်မှု လျော့သွား မှာပေါ့။ 

မေး။ NLD ရဲ့ နောင်အလားအလာက ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။NLD ရဲ့အလားအလာက ဒီမိုကရေစီ ရရှိရေးပဲ ဦးတည်တယ်။NLD ပါတီ ကြီးပွား ဖွံ့ဖြိုးရေးအတွက်မစဉ်းစားဘူး။ ဒီမိုကရေစီရမယ်၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ရောက်မယ်။ အဲဒါ NLD ရဲ့ ရည်ရွယ် ချက်ပဲ။

မေး။ ။အခု မေးသွားတဲ့အပေါ်မှာ ဘာများထပ်မံဖြည့်စွက်ပြောချင်ပါ သလဲ။

ဖြေ။ ။ ဒီလိုအတွေ့အကြုံမျိုးက ကျွန်တော်တို့ အများကြီးကြုံဖူးပါ တယ်။ သိပ်မကြာခင်ညီလာခံမှာလည်း ဒါမျိုးကြုံခဲ့ဖူး ပါတယ်။ ညီလာခံပြီးလို့ လေး၊ ငါး၊ ခြောက်လကြာတော့ အေးအေးဆေးဆေးဖြစ်သွားတာပဲ။

တင်မောင်ထွေး
Reporter News Journal

No comments:

Post a Comment

My Blog List