Monday, August 10, 2015

ဆရာများ၏ အကြံပြုမှုကြောင့် ထူးချွန်ဆရာဆုရွေးချယ်ရေးအချက်အချို့ ပြင်ဆင်


ဒုတိယအကြိမ်မြောက် အခြေခံပညာကဏ္ဍအတွက် ထူး ချွန်ဆရာဆုရွေးချယ်ရာတွင် အခြေခံ ပညာဆရာ၊ ဆရာမများ၏အကြံပြုချက်များကြောင့် သတ်မှတ်ထားသော အချက်အချို့ကို ပြန်လည် ပြင်ဆင်လိုက်ပြီဖြစ် ကြောင်း ထူးချွန်ဆရာဆု ဒုတိယအကြိမ်ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီမှ သတင်းရရှိသည်။

‘‘ပထမတစ်ကြိမ် လုပ်ခဲ့ တုန်းက တိုင်းနဲ့ပြည်နယ်က အကြံ ပြုလွှာတွေတောင်းခံပြီး ဗဟိုအဆင့်မှာ သုံးသပ် ခဲ့တယ်။ အကြံပြု လွှာ ၁၀၀ ကျော်ရှိတဲ့အထဲကအကြံ ပြုလွှာ ၂၀ ကို ပြန်ပြုစုပြီး ဒုတိယအကြိမ်မှာ ပြန်လည် ပြင်ဆင် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်’’ ဟု ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးအေးကြိုင်က ပြောသည်။

ဒုတိယအကြိမ်အတွက် ပြန် လည်ပြင်ဆင်ထားသော အချက် အချို့မှာ ယခင်နှစ်က ဗဟိုအဆင့် တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ပထမဆုရရှိသူ သုံးဦးသာ ဂုဏ်ထူးဆောင်အဖြစ် ရွေးချယ်ခဲ့ရာမှ ယခုနှစ်တွင် ဂုဏ်ထူးဆောင် သုံးဦးအပါအ၀င် နောက်ထပ် ခုနစ်ဦးရွေးချယ်၍ စုစုပေါင်း ၁၀ဦးအား ဂုဏ်ထူး ဆောင်အဖြစ် ဆုချီးမြှင့်မည်ဟု သိရသည်။

ဆက်လက်၍ သွားလာရေး ခက်ခဲသော ဒေသများမှ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ဆရာဆုပြိုင်ပွဲ ၀င်ပြိုင်ရန် ကုန်ကျစရိတ်ကို ကိုယ်တိုင်ကျခံရ၍အရည်အချင်းရှိသော ဆရာ၊ ဆရာမ အချို့သည် ပြီးခဲ့သည့် နှစ်က ၀င် ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။ ယခုနှစ်တွင် ပညာရေး ၀န်ကြီးဌာနက သွားလာရေး ခက်ခဲ သော ဒေသများမှ ပြိုင်ပွဲဝင်မည့် ဆရာ၊ ဆရာမများအတွက် နိုင်ငံ တော်က ခရီးစရိတ်ပေးရန် ကော် မတီနှင့် ညှိနှိုင်းပြီးဖြစ်ကြောင်း သိရသည်။

လုပ်သက်သတ်မှတ်ချက်တွင်လည်း ပထမအကြိမ်ကလက် ရှိရာထူးလုပ်သက် သုံးနှစ်ရှိရမည်ဟု သတ်မှတ် ခဲ့သော်လည်း ယခု ဒုတိယအကြိမ်၌ ပညာရေးဝန် ကြီးဌာနတွင် စတင်အလုပ်ဝင်သော လုပ်သက်သုံးနှစ် ရှိရမည်ဟု အခြေခံပညာမှ ဆရာ၊ ဆရာမအားလုံး ပါဝင်ယှဉ်ပြိုင်ရန် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ထူးချွန်ဆရာဆုရွေးချယ်ချီးမြှင့်ရေးဦးစီး ကော်မတီမှ သိရသည်။

‘‘တချို့ဆရာမတွေက အ လယ်တန်းပြမှာ လုပ်သက်ကြာခဲ့ ပေမယ့် အထက်တန်းပြရာထူး တိုးတာသိပ် မကြာသေးတော့ ပြိုင် ပွဲမှာ လက်ရှိရာထူးလုပ်သက် သုံး နှစ်သတ်မှတ်ထားတဲ့အတွက် ပြိုင်ခွင့်မရှိတော့ ဘူး။ အဲဒီအခက်အခဲ ကို အကြံပြုကြတဲ့အတွက် ဒီနှစ် မှာ ပြင်လိုက်တာပါ’’ဟု အဆိုပါ ကော်မတီ အတွင်း ရေးမှူး ဦးအေး ကြိုင်က ပြောသည်။

မြို့နယ်အဆင့်၊ တိုင်းဒေသ ကြီး/ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်အလိုက်ထူးချွန်ဆရာရွေးချယ်ရန် စစ်ဆေး သော မေးခွန်းများကို မူလတန်း၊ အလယ်တန်း၊အထက်တန်း၊ ဆရာ၊ ဆရာမများအတွက် မေးခွန်းတစ်စုံသာ စစ်ဆေးခဲ့သော်လည်း ယခုနှစ်တွင် မူလတန်းဆရာ နှင့် ကိုက်ညီသော မေးခွန်းတစ်စုံ၊ အလယ်တန်းဆရာ နှင့်ကိုက်ညီ သော မေးခွန်းတစ်စုံ၊ အထက် တန်းဆရာနှင့်ကိုက်ညီသော မေးခွန်းတစ်စုံဖြင့် စစ်ဆေးမည်ဟု သိရသည်။

ထူးချွန်ဆရာဆုအတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဖြင့် အဆင့်ဆင့်ရွေး ချယ်မည်ဖြစ်သည်။ ကျောင်းအ ဆင့်ကို ယခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ရွေးချယ်မည် ဖြစ်ပြီး အခြေခံပညာကဏ္ဍမှ ဆရာ၊ ဆရာမအားလုံး ပါဝင်ယှဉ်ပြိုင်နိုင် ကြောင်း သိရသည်။

ဆုများအနေဖြင့်ဗဟိုအဆင့် တွင် ထက်/လယ်/မူ သုံးဆင့်၌ ပထမဆုရရှိသူများအား ဆုငွေ ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ် သိန်း ၂၀၊ တတိယဆု ကျပ် ၁၀ သိန်းပေးအပ်မည်ဖြစ်သည်။ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် တွင်လည်း ထက်/လယ်/မူ သုံး ဆင့်စလုံး၌ ပထမဆုငွေ ကျပ် ငါး သိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း ချီးမြှင့် မည်ဖြစ်သည်။

အခြေခံပညာကဏ္ဍအတွက် ထူးချွန်ဆရာဆု ချီးမြှင့်ခြင်းကို ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင် ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ထက်/လယ်/မူ သုံးဆင့်၌ ပထမဆုရရှိသူ များအား ယခု ဒုတိယအကြိမ်တွင် ပြန်လည် ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ဘဲ ဂုဏ်ထူးဆောင်အနေဖြင့် ထားရှိမည်ဖြစ်ကြောင်း ထူးချွန်ဆရာဆု ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီမှ သတင်းရရှိ သည်။

7Day Daily

No comments:

Post a Comment

My Blog List