Saturday, August 15, 2015

ရွေးကောက်ပွဲဝင်ရန် အမတ်လောင်း ၅၄ဝ၀ ကျော် စာရင်းသွင်း


၂၀၁၅ ရွေးကောက်ပွဲမယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတင်သွင်းဖို့ သတ်မှတ်ရက်ဒီကနေ့ နောက် ဆုံးရက်ဖြစ်ပြီး တသီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေး ပါတီ ၉၀ လောက်က ကိုယ်စားလှယ်လောင်းပေါင်း ၅၄ဝ၀ ဦး ကျော် စာရင်းသွင်းထားပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၃ ရက်ထိ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း အရေအတွက် ၁၅၄၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၉၁ ဦး၊ ပြည်နယ်တိုင်းလွှတ်တော်နဲ့တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ် အတွက် ၃၀၇၂ ဦး စုစုပေါင်း ၅၄၀၈ ဦး ရှိနေပြီဖြစ်ပါတယ်။

ကိုယ်စားလှယ် စာရင်းလာသွင်းတဲ့ ၈၉ ပါတီထဲမှာ အာဏာရပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁၀၈၈ ဦးနဲ့ အများဆုံးဖြစ်ပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀၃၇ ဦးနဲ့ ဒုတိယ အများဆုံး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၃၀ နဲ့ တတိယ နေရာအများဆုံး ၀င်ပြိုင်မှာပါ။

အမျိုးသားတိုးတက်ရေးပါတီက ၂၈၃ နေရာ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကတော့ ၂၃၆ နေရာနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၆ နေရာနဲ့ တသီးပုဂ္ဂလ အမတ်လောင်းက တော့ ၂၃၂ ဦးရှိပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)က ၁၉၇ နေရာနဲ့ အများ ဆုံးဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း)ပါတီက ၁၂၆ နေရာ၊ ကရင်ပြည်သူ့ပါတီ က ၁၁၈ နေရာ၊ ရခိုင်အမျိုးသားပါတီ ၆၄ နေရာ၊ မွန်အမျိုးသားပါတီ ၅၁ နေရာ စသဖြင့် အသီးသီးစာရင်း သွင်းထားပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းရက်ကို မူလက သြဂုတ်လ ၈ ရက် နောက်ဆုံး သတ်မှတ်ထားရာက မြန်မာနိုင်ငံ တ၀န်းရေဘေးနဲ့ကြုံတွေ့နေရ တာကြောင့် သြဂုတ် ၁၄ ရက်ထိ ရွေးကောက်ပွဲ ကော်မရှင်က ရက်ထပ်တိုးပေးထား တာဖြစ်ပါတယ်။

လက်ရှိတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ရုပ်သိမ်းလိုပါက သြဂုတ်လ ၁၇ ရက်နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး သြဂုတ်လ ၁၈ မှ ၂၇ ထိ ကိုယ်စားလှယ်လောင်းတွေ စိစစ်ပြီးပါက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စား လှယ်လောင်း အပြီးသတ်နောက်ဆုံး စာရင်းကို ကော်မရှင်က အတည်ပြုကြေ ညာပေးရမှာဖြစ်ပါ တယ်။

DVB

No comments:

Post a Comment

My Blog List