Friday, August 14, 2015

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်တွေ့ဆုံခြင်း



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကိုဖယ်ရှားပြီးနောက် ပါတီအတွင်းရေးမှူး အပါအဝင် ဗဟိုကော်မတီဝင်အချို့ကိုဖယ် ရှားလိုက်သည့် ဖြစ်စဉ်များ၊ လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးရှုပ်ထွေးမှုများနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်အား 7 Day Daily သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပြီး  စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါ သည်။

အခုလို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီရာထူး ကနေ ဖယ်ရှားလိုက်တာဟာ ပါတီကိုအာဏာ သိမ်းလိုက်တာ လားဆိုတဲ့ ဝေဖန်မှုတွေအပေါ် သမ္မတပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဘယ်လိုများပြော ကြားလို ပါသလဲ။ ဘာကြောင့် သူရဦးရွှေ မန်းကို ဥက္ကဋ္ဌရာထူးက ဖယ်ရှား လိုက်တာပါလဲ။

ပထမဆုံးအချက်က ပါတီ တွင်း အာဏာသိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ မှားပါတယ်။ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူတဲ့အချိန်မှာ အခြေခံဥပဒေအရ ပါတီလုပ်ငန်းလုပ်ဆောင်ခွင့်မရှိတဲ့အတွက် ပါတီဖွဲ့စည်း ပုံအခြေ ခံစည်းမျဉ်းအပိုဒ် ၉၉(ခ)အရ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ဥက္ကဋ္ဌတာဝန်ပူးတွဲထမ်းဆောင် ဖို့ လွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ဦးရွှေမန်းဥက္ကဋ္ဌတာဝန်ပူးတွဲထမ်း ဆောင်စဉ်ကာလမှာ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေများလာ ခြင်း၊ ပါတီတွင်းဒီမိုကရေစီမရှိဘဲ တစ်ဦးတည်းသဘောနဲ့ ဆောင် ရွက်လာခြင်း၊ ပါတီ ရန်ပုံငွေသုံးစွဲ မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ လွှတ်တော်တွင်း လုပ် ငန်းဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာမှုမရှိ ခြင်းတွေဖြစ်လာတာကြောင့် နောက်ပြီး လွှတ်တော်ကိုယ်စား လှယ်များတာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းနဲ့ပတ်သက်ပြီး လုပ် ဆောင်ချက်များကြောင့် မဲဆန္ဒ ရှင်များရဲ့ ပါတီအပေါ်ယုံကြည်မှု လျော့ပါးလာခြင်းတွေကြောင့် ပါတီခေါင်းဆောင်တချို့က ပါတီ ကိုပြန်လည်ဖွဲ့စည်းဖို့ သမ္မတကြီး ထံ လက်မှတ်ရေးထိုးတောင်းဆို ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ပါတီညီညွတ်ရေး နဲ့ ပါတီဂုဏ်သိက္ခာမြင့်မားရေး အတွက် နိုင်ငံတော်သမ္မတက သူရဦးရွှေမန်းကို ဥက္ကဋ္ဌပူးတွဲ တာဝန်ပေးထားမှုကို ရပ်ဆိုင်းပြီး အသင်းကြီးအဖြစ်ရှိစဉ်ကတည်းက အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဦးဌေးဦးကို ပါတီ ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ထမ်း ဆောင်ဖို့ ပါတီစည်းမျဉ်း ၉၉ (ခ) အရ တာဝန်ပေးခဲ့ပါတယ်။

အဲဒီတာဝန်ပေးချက်အရ မနေ့ညနေမှာ ဦးဌေးဦးနဲ့ ပါတီ ခေါင်းဆောင်များညှိနှိုင်းဆွေးနွေး ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ ဦးရွှေမန်းကို နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းထား တယ်ဆိုတဲ့သတင်းတွေထွက်နေ ပါတယ်။ အဲဒါဟုတ်ပါသလား။

ဘယ်သူ့ကိုမှဖမ်းဆီးထား တယ်လို့မကြားမိပါဘူး။ သို့သော် တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိ ပြားရေးကို ထိခိုက်လာရင်တော့ မည်သူမဆို ဥပဒေနဲ့အညီ အရေး ယူခံရမှာပါ။ ပြည်ခိုင်ဖြိုးစီအီးစီ ဖြစ်ခြင်း၊ မဖြစ်ခြင်း နဲ့မဆိုင်ပါဘူး။

လက်ရှိပါတီက ဖယ်လိုက်ရတဲ့သူ တွေအကုန်လုံးကို ပါတီမှာဘယ် လိုပြန်ပြီးနေရာချထားပါမလဲ။ အပြီး ထုတ်ပစ်လိုက်တာမျိုးလား။ လွှတ်တော်အစည်းအဝေးက ကော ကြေညာထားတဲ့အတိုင်း သြဂုတ် ၁၈ မှာ ပြန်စနိုင်မလား။

အရင် စီအီးစီထဲက လူဟောင်းအတော်များများ ပြန်ပါသလို လူသစ်တချို့လည်း ထပ်ဖြည့်တယ်လို့သိရ ပါတယ်။ လာ မယ့်ရွေးကောက်ပွဲအတွက် လွှတ် တော်ကိုယ်စားလှယ်လျာထားမှုမှာလည်း အပြောင်းအလဲ အများကြီး   မရှိနိုင်ဘူးလို့သိရပါတယ်။ လွှတ်တော်ကိစ္စတွေတော့ ကျွန်တော် မသိပါဘူး။

မနေ့ည(သြဂုတ် ၁၂)က ပါတီဌာနချုပ်မှာလုပ်တဲ့ အစည်းအဝေးကို ဦးသန်းရွှေ လာတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေ ပါတယ်။ ပါတီပြန်လည်ဖွဲ့စည်း ရေးနဲ့ ဦးရွှေမန်းကိုဖယ်ရှားရေးအတွက် ဦးသန်းရွှေ ညွှန်ကြားမှုရှိ ပါသလား။

အဲဒီအစည်းအဝေးကို သမ္မတကြီးတက်ရောက်ခြင်းမရှိ ပါဘူး။ ကောလာဟလထွက်ပေါ် နေသလို ဗိုလ်ချုပ် မှူးကြီး(ငြိမ်း) သန်းရွှေတက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ပါတီတွင်းဆွေး နွေးပြီး ဆောင်ရွက်တာပါ။

သမ္မတက အခုပြန်ဖွဲ့လိုက်တဲ့ ပါတီရဲ့ဖွဲ့စည်းပုံမှာ ပါတီဥက္ကဋ္ဌရာထူးကို ပြန်ယူထားပါတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ သမ္မတအဖြစ်တာဝန်ထမ်းဆောင် စဉ်မှာ တစ်ဖက်မှာအဲဒီလိုပါတီ ဥက္ကဋ္ဌရာထူးကို ယူထားလို့ မရဘူး လို့သိရပါတယ်။

သမ္မတက ပါတီဥက္ကဋ္ဌပဲ လေ။ ပါတီလုပ်ငန်းမလုပ်တာပဲ ရှိတယ်။ ဒါကြောင့် ပါတီဖွဲ့စည်း ပုံအခြေခံစည်းမျဉ်း ၉၉(ခ)မှာ ပါတီဥက္ကဋ္ဌသည် ပါတီတာဝန်များ ကို ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခါ ဒုဥက္ကဋ္ဌတစ်ဦးဦးကို ဥက္ကဋ္ဌ အဖြစ် ပူးတွဲတာဝန်ထမ်းဆောင် စေရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ သူရဦးရွှေမန်းကိုလည်း ၂၀၁၂ မှာအဲဒီအတိုင်းညွှန်းပြီး စာနဲ့လွှဲပေးခဲ့တာပါ။ ဒါပေမဲ့ သူရဦးရွှေမန်း က ပူးတွဲတာဝန်ဆိုတာကိုဖျောက် ပြီး ဥက္ကဋ္ဌအဖြစ်နဲ့ ပါတီဖွဲ့စည်းပုံ ကိုမျက်ကွယ်ပြုပြီး လုပ်ဆောင်ခဲ့ တာကြောင့် ပါတီစည်းရုံးမှုပျက် ပြားကာ အခုလိုလက်မှတ်ရေးထိုး တင်ပြတဲ့အထိ ဖြစ်ခဲ့တာလို့ပဲ ကျွန်တော်အကြမ်းဖျင်းသိရပါ တယ်။ ဒါကြောင့် အခြေခံဥပဒေ ကို ချိုးဖောက်ခြင်းမဟုတ်ပါဘူး။ သမ္မတတာဝန်မထမ်းဆောင် တော့ဘူးဆိုရင် ဥက္ကဋ္ဌအလို အလျောက်ပြန်ဖြစ်မှာပေါ့။ တပ် မတော်မှာ တပ်ရင်းမှူးက နှစ်ရှည် သင်တန်းသွားတက်ရင် ဒုတပ်ရင်းမှူးကို ခေတ္တတပ်ရင်းမှူးလွှဲတဲ့ သဘောပါပဲ။ ပြန်လာရင် တပ်ရင်းမှူးက တပ်ရင်းမှူးပဲပေါ့။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List