Friday, August 14, 2015

ချေးငွေသစ် သဘောတူမှု လက်ခံမလား ဂရိပါလီမန်ထဲ ငြင်းခုံနေ


ဂရိနိုင်ငံ မှာ တတိယ အကြိမ်မြောက် နိုင်ငံတကာ ကြွေးမြီ သစ် တွေ ရရှိ နိုင်ဖို့ လိုက်နာ ဆောင်ရွက် ပေး ရမယ့် အချက် အလက် တွေ ကို အတည်ပြု ပေးရမလား ဆိုတဲ့ အပေါ် ဂရိ ပါလီမန်အတွင်း အပြင်းအထန် ငြင်းခုံ ဆွေးနွေး နေကြပါတယ်။

လာမယ့် ၅ နှစ် တာ ကာလ အတွက် ယူရိုငွေ ပေါင်း ၈၅ ဘီလီယံ ရရှိ ဖို့ အတွက် ဆိုရင် ဂရိ နိုင်ငံ မှာ အစိုးရ အသုံးစရိတ် သိသိသာသာ လျှော့ချ ဖြတ်တောက် ပြီး အခွန်အကောက် တွေ လည်း တိုးမြှင့် ဖို့ နိုင်ငံတကာ မြီရှင် တွေ က တောင်းဆို ထားကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ လက်ဝဲ ပါတီ ဖြစ်တဲ့ ဆီရစ်ဇာ ရဲ့ ထင်ရှား တဲ့ ပါလီ အမတ် တွေ က ပါတီရဲ့ ကတိ ကဝတ် ဖြစ်တဲ့ အသုံးစရိတ် ဖြတ်တောက်ရေး အပေါ် ဆန့်ကျင် မယ် ဆိုတဲ့ မူ ကို ကိုင်စွဲပြီး ဆီရစ်ဇာ ပါတီ ခေါင်းဆောင် တွေ နဲ့ နိုင်ငံတကာ မြီရှင်တွေ ကြား သဘောတူ ထားတဲ့ ချေးငွေ သဘောတူမှု အချက်အ လက်တွေ ကို ကန့်ကွက် နေကြပါတယ်။

ဒါပေမယ့် ပါလီမန်ထဲ မဲခွဲဆုံး ဖြတ်ကြတဲ့ အခါမှာတော့ အတိုက်အခံ ပါလီမန် အမတ် တွေ ရဲ့ ထောက်ခံမဲ နဲ့ ဂရိ အစိုးရ ရဲ့ ချေးငွေ သဘောတူမှု ဟာ အတည် ဖြစ်သွားနိုင်တယ် ဆိုပြီး သတင်းထောက်တွေ က ပြောနေပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List