Thursday, August 13, 2015

သူရဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်းတို့အား ပါတီတာဝန်များမှ အနားပေး

ယမန်နေ့ည က နေပြည်တော်တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းဝေးမှ လက်ရှိ ဥက္ကဌ သူရဦးရွှေမန်းနှင့် အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့အား လက်ရှိထမ်းဆောင်နေသော ပါတီတာဝန်များမှ အနားပေးလိုက်ကြောင်းသိရသည်။

ထိုနေ့နံနက်ပိုင်းကလည်း နေပြည်တော်ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ် စားလှယ်လောင်းများ တွေ့ဆုံပွဲကိုပြုလုပ် ခဲ့သည်။ ထိုတွေ့ဆုံပွဲအပြီးပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မည်သည့်ပါတီနှင့်မျှ မဟာမိတ်ပြုလုပ်ရန်မရှိဟု အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းကပြောကြားခဲ့ပြီး၊ သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့နှစ်ဦးမှာလည်း လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးချယ်ခံကြမည်မဟုတ်ဟု အတွင်းရေးမှူး ဦးသိန်းဆွေကပြော ကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ လက်ရှိအစိုးရ အဖွဲ့တွင်ပါဝင်လျှက်ရှိကြသော ပြည်ခိုင်ဖြိုး ပါတီဝင် ကိုယ်စားလှယ် လောင်း အနည်းငယ်မျှသာတက် ရောက်ခဲ့ကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ထပ်မံကျင်းပ လျှက်ရှိ နေကြောင်း သတင်းရရှိပါသည်။

Popular News Journal

No comments:

Post a Comment

My Blog List