Wednesday, August 12, 2015

'ဒီနိုင်ငံမှာ စနစ်ပြောင်းနိုင်တဲ့အခြေအနေရှိတဲ့ပါတီဟာ အမျိုးသားဒီမိုကရေစီ ပါတီပဲဖြစ်တယ်'ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရောက်ရှိပြီး ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်းမှ အမျိုးသားဒီမို ကရေစီအဖွဲ့ ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံပြီး ပြည်ခရိုင် ရွှေတောင်မြို့တွင် ပြည်သူလူထုနှင့် ခေတ္တတွေ့ဆုံမိန့်ခွန်းပြောကြားသွား သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့်တွေ့ဆုံရာတွင်' 'ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်လို့ အဖွဲ့ချုပ်က တာဝန်ယူရမယ်။ ကျွန်မတို့ရွေးထားတဲ့ လူတွေကို ကျွန်မတို့ တာဝန်ယူရမယ်။ မကောင်းဘူးဆိုရင်လည်း ကျွန်မတို့အရေးယူသင့်တဲ့လူကို အရေးယူ ရမှာပဲ။ ပြုပြင်ပြောင်းလဲသင့်သူကို ပြုပြင်မယ်။ ကျွန်မတို့ သင်ယူမယ်။

အကယ်၍ ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုရင်လည်း စည်းမျဉ်းစည်းကမ်းအရ အရေးယူရမှာဖြစ်ပါတယ်။ ပြည်သူတွေကို ကျွန်မ မေတ္တာရပ်ခံချင်တာ ကတော့ ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးရာအရ မကြည့်ဘဲနဲ့ ပါတီအရပဲ ကြည့်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ၂၀၁၅ မှာ ရွေးချယ်ရာမှာ ပုဂ္ဂိုလ်တွေကို ရွေးချယ်နေတာမဟုတ်ပါဘူး။ စနစ်တခုကို ရွေးချယ်နေတာပါလို့ ကျွန်မအတန်တန် သတိ ပေးထားပါတယ်။ ဒီနိုင်ငံမှာ စနစ်ပြောင်းနိုင်တဲ့အခြေအနေရှိတဲ့ပါတီဟာ ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်တယ်ဆိုတာ ကျွန်မရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်''ဟု ထည့်သွင်းပြောကြားသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ၁၀ရက်နေ့ ညနေ ၆း၃၀ နာရီအချိန်ခန့်လောက်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိကာ မင်္ဂလာဂါးဒင်းဟိုတယ်တွင် ညအိပ် နားခဲ့ပြီး သြဂုတ်လ ၁၁ ရက် နေ့နံနက်၈နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ပေါင်း၁၄ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ် တမြို့နယ်အလိုက် အလုပ်အမှုဆောင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အောင်နိုင်ရေးဥက္ကဋ္ဌနှင့် မြို့မိမြို့ဖ များနှင့်တွေ့ဆုံခဲ့ပြီး နံနက် ၉း၃၀ ခန့်တွင် ပြည်ခရိုင်ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် လူထုနှင့် ခေတ္တတွေ့ဆုံ၍ မိန့်ခွန်းပြောကြားသွားသည်။

အဆိုပါရွှေတောင်မြို့တွင် လူထုနှင့်တွေ့ဆုံရာရွှေတောင်မြို့နယ်အတွင်းရှိ ဒီမိုကရေစီပါတီအဖွဲ့ဝင်များနှင့် ပြည်သူလူထု၂၀၀၀ကျော်ခန့် တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

ကိုလေး (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List