Saturday, August 15, 2015

ဆန္ဒပြ လှည်းကူး NLD ပါတီဝင် ၂၄ ဦး ထုတ်ပယ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းတွေကို လဲလှယ်ပေးဖို့ ဆန္ဒပြရာမှာပါဝင်တယ်ဆိုပြီး လှည်းကူးမြို့နယ်အဆင့် နာယက အပါအဝင် ပါတီဝင် ၂၄ ဦးကို ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။

အောက်ခြေပါတီဝင်တွေရဲ့ မကျေနပ်မှုကို ပါတီဗဟိုက ခေါ်ယူမေးမြန်းတာမရှိပဲ ပါတီကနေ ထုတ်လိုက် တာဖြစ် တယ်လို့ ထုတ်ပယ်ခံရတဲ့ လှည်းကူးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးသက်ခိုင်က ပြောပါ တယ်။

"ဒေါ်စုက တိုင်းပြည်ပြောင်းလဲရေး ဒီမိုကရေစီပြောင်းလဲရေး လုပ်တယ်လို့ သာ သူကရှေ့က ကြွေးကြော် ပြီးအော်နေတာ ခေါင်းဆောင်တစ်ယောက်က နောက်ကအာဏာရှင်ဆန်ဆန်နဲ့ ဗိုလ်ဟိုဦးစီးစနစ်ကျင့်သုံး နေတဲ့ ဗဟို CEC က လူကြီးတွေရှိနေတယ်၊ အခုကိုယ့်ကိုဖြုတ်တယ်ဆိုတာက သက်သေအထောက်အ ထားမရှိဘူးလေ၊ ဆန္ဒပြပွဲမှာ ကိုယ်မှမပါတာ အခုကိုကတစ်ဘက် အာဏာပိုင်အဖွဲ့အစည်းကိုပြောပြီးတော့ ဒီဘက်ကတော့ ကိုယ်အဖွဲ့အစည်း ကိုကျတော့ ပြောခွင့်မရှိဘူဆိုရင် ဒါဟာအာဏာရှင်ဆန်တာပဲ၊ အဲ့ဒီ တော့ အကိုက ဒီမိုကရေစီ ကျကျ မကြိုက်လို့မကြိုက်ဘူးပြောတာ၊ ဗဟိုဦးစီဆန်လို့ ဗဟိုဦးစီးဆန်တယ်လို့ ပြောတာ၊ အဲ့ဒါကိုခေါ်ယူ စစ်ဆေးရမှာ သူတို့ဗဟိုက လူကြီးတွေအလုပ်လေ၊ ခေါ်ယူစစ်ဆေးခြင်းမရှိဘူး"

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က လှည်းကူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် NLD ကိုယ်စားလှယ် လောင်းတွေကို လဲလှယ်ပေးဖို့ လှည်းကူးမြို့နယ် NLD ပါတီဝင် ၁ဝဝ လောက် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြပွဲကြောင့် လှည်းကူးမြို့နယ် NLD ပါတီ နာယက၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ နဲ့ ရပ်ကျေးအဆင့် ဥက္ကဌ စုစုပေါင်း ၂၄ ယောက်ကို ပါတီကနေ ထုတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ဌေး ကတော့ ပါတီစည်းကမ်းချိုးဖောက် ရင် အရေးယူခံရမယ်ဆိုတာကို ကြိုတင်ပြောထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

"အောင်နိုင်ရေး လူချိန်းပေးဖို့ကိစ္စတွေနဲ့ ကိုယ်စားလှယ်လောင်း ချိန်းပေးဖို့ ကိစ္စတွေပေါ့၊ ဗီနိုင်းမှာစာရေး ပြီး ထောင်တာပါပဲ၊ အော်တာဟစ်တာတွေ လည်း မဟုတ်ပါဘူးလို့ပြောပါတယ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကတော့ အစောကြီးကတည်းကပြောထားပြီးသားပါ၊ တကယ်လို့လိုအပ်တယ် မကျေနပ်ဘူးဘာညာ ဆိုလို့ရှိ လို့ရှိရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို စာတင်ပါလား ဆွေးနွေးပါလို့ ပြောထားတဲ့ကိစ္စတွေရှိတာပဲဗျ၊ ဒါပေမယ့် လည်း တချို့မြို့နယ်တွေက ဖေ့စ်ဘွတ်တွေတင် အွန်လိုင်းပေါ်တင် အဲ့ဒါမျိုးဆန္ဒပြတာတွေဘာ တွေလည်း တွေ့ရတော့ ဒါတွေကလည်း သိရဖို့အတွက်ကြိုပြီးပြောထားပြီးသားပါ"

ဒါ့အပြင် ပခုက္ကူမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ် လောင်း ၄ ဦးကို လက်မခံနိုင်တဲ့အ တွက် အစားထိုးပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့တဲ့ ပါတီဝင် ၁ဝ ဦးကိုလည်း ထုတ်ပယ်ခဲ့ ပါတယ်။

RFA

No comments:

Post a Comment

My Blog List