Tuesday, August 11, 2015

ရေဘေးပြန်လည်ထူထောင်ရေး ကဏ္ဍပေါင်းစုံလိုအပ်ချက်ရှိနေဟု ကုလသမဂ္ဂ ထုတ်ပြန်


မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေကို အကူညီပေးရေးအတွက် စားနပ် ရိက္ခာ၊ နေစရာ၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ ကဏ္ဍအလိုက် လိုအပ်ချက်တွေ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ကူညီဆောင် ရွက်ပေးရေးရုံး(UNOCHA)က အစီရင်ခံ စာထုတ်ပြန်ပါတယ်။

လက်ရှိ ရေဘေးသင့် ဒေသတွေက ဒုက္ခသည်တွေအတွက် အစားအစာ၊ သောက်သုံးရေ၊ နေစရာအမိုးအ ကာ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်ပေးရေး အစီအစဉ်တွေအပါအ၀င် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ မဖြစ်စေဖို့အတွက်ပါ စောင့်ရှောက်ကူညီပေးဖို့ လိုအပ်ချက်ကိုတွေကို သြဂုတ် ၈ရက် ထုတ် အစီရင်ခံစာမှာ အသေးစိတ် ထောက်ပြထားပါတယ်။

ရေဘေးသင့်ဒေသတွေက ဒုက္ခသည် ၂ သိန်း ၈ သောင်း ၁ ထောင်ဟာ အစားအစာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေပြီး စိုက်ပျိုးမြေဧက ၅ သိန်း ၂ သောင်းကျော်ရေနစ်မြုပ်ခဲ့တဲ့ အတွက် နောက်ဆက်တွဲရိက္ခာ ပြတ် လပ်မှုပြဿနာတွေ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ဆိုပါတယ်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးထဲက သွားလာရခက်ခဲတဲ့ ဒေသတွေကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးရေး လမ်းတံတားအပျက်အစီးတွေကြောင့် အခက်အခဲတွေ့နေရတယ်လို့လည်း ဆိုပါ တယ်။

ပညာရေးနဲ့ ပတ်သက်လို့တော့ ရေလွှမ်းမိုးမှုကြောင့် တနိုင်ငံလုံးရေဘေး ဒဏ်ခံဒေသ ၉ ခုမှာ စာသင် ကျောင်း ပေါင်း ၁၃၈၇ ကျောင်းပိတ်ထားခဲ့ရပြီး ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၅၉ ကျောင်းပျက်စီးခဲ့တဲ့ အကြောင်း၊  ပျက်စီးသွားတဲ့ကျောင်းတွေ ပြုပြင်ဖို့နဲ့ သင်ထောက်ကူပစ္စည်းတွေ အမြန်ဆုံးပြန်လည်ရရှိဖို့ အရေးကြီးတယ်လို့ အစီရင်ခံစာမှာရေးပါတယ်။

အစိုးရကတော့ ရေဘေးဒဏ်ကိုအဆိုးဝါးဆုံးခံခဲ့ရတဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တွေထဲ က ကျောင်းသား ၁၀၀၀ ကျော်ကို ကျောင်းသုံးစာအုပ်နဲ့ စာ ရေးကိရိယာတွေကို ထောက်ပံ့ခဲ့ပြီး အဲဒီဒေသ တွေထဲက ကျောင်းသား ၂၇၀၀ ကိုဆက် ပြီး ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်လို့ဆိုပါတယ်။

မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ ကျောင်းသား ၅၀၀ ကို လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေထောက်ပံ့နိုင် ခဲ့ပြီး ရခိုင် ပြည်နယ်မှာတော့ ပျက်စီးသွားတဲ့ကျောင်းတွေ မတည်ဆောက်နိုင်ခင်မှာ ယာယီစခန်း တွေမှာ သင်ကြားနိုင်ဖို့စီစဉ်နေပါတယ်။

ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ ရေကြီးမှုကြောင့် ပိတ်ထား ခဲ့ရတဲ့ အခြေခံပညာစာသင် ကျောင်း ၃ထောင်ကျော် အနက် သြဂုတ်လ ၈ ရက်အထိ ၅၆၉ ကျောင် ရေပြန်ကျသွားလို့ြးပြန်လည်ဖွင့်လှ စ်နိုင်ခဲ့ပြီလို့ ရေးပါတယ်။  စာသင်ကျောင်းပေါင်း ၂၅၀၀ လောက်ရှိနေသေးတယ်လို့ဆို ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ ရေဘေးသင့်ဒေသကလူတွေအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လို အပ်နေပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေကို လည်း ဘေးကင်းစွာမွေးဖွားနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါ တယ်။

ရခိုင်ပြည်နယ်တွင်းမှာ ဆေးရုံဆေးခန်းနဲ့ကျေးလက်ကျန်းမာရေးဌာန ၆၀ ကျော်  ပျက်စီးသွားတဲ့ အတွက်  မြို့နယ် ၈ ခုမှာယာယီဆေး ခန်း ၅၃ ခုဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂကအနေနဲ့  မြန်မာရေဘေး အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာသုံးစွဲဖို့ အမေရိကန် ဒေါ်လာ ၉ သန်းကိုထောက်ပံ့ကူညီဖို့ သြဂုတ်လ ၇ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မြန်မာပြည်တ၀န်း ပြည်နယ်နဲ့တိုင်း ၁၂ခုမှာရေလွှမ်းမိုးမှုကြောင့် သြဂုတ်လ ၉ ရက်အထိ လူပေါင်း ၁သန်း ကျော် ရေဘေးဒုက္ခခံစားနေရပြီး သေဆုံးသူ ၁၀၀ နီးပါးရှိနေပြီလို့  လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ပြန်လည် နေရာချ ထားရေး ၀န်ကြီးဌာနက တရားဝင်စာရင်း ထုတ်ပြန်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List