Saturday, August 15, 2015

NLD တွင် တော်လှန်ရေးသမားများ လိုအပ်သည်


တော်လှန်ရေးသမားများ လိုအပ်သည်ဟုဆိုလိုက်၍ တချို့ကတော်လှန်ရေးသမားဆိုသည်နှင့်ဓား၊လက်နက် ၊ သေနတ်အမြောက်များကိုသာ ပြေး၍ မြင်ကြပါလိမ့်မည်။ ဒါကို ဆိုလိုခြင်းမဟုတ်ပါ။ တော်လှန်ရေးဆိုသည် မှာ နဂိုရှိရင်းစွဲ လူထုနှင့် အံမ၀င်ခွင်မကျတော့သော အဟောင်းများကို ပြောင်းပြန်လှန်ကာ လူထု၏လူမှု လက်တွေ့ဘ၀က တောင်းဆိုချက်များ လက်တွေ့ဘ၀နှင့်ကိုက်ညီသောအရာများကို ဖန်တီးတည် ဆောက်ခြင်း၊ တည်ထောင်ခြင်းကို ဆိုလိုပါသည်။ 

ဥပမာ- ကမ္ဘာမှာ ကျွန်စနစ်သည် လူထုလူတန်းစားအတွက် မလိုအပ်တော့၍ မကိုက်ညီ၊ အသုံးမ၀င်တော့၍ ကျွန်စနစ်တော်လှန်ရေးဖြစ် ပေါ်လာခဲ့သည်။ လူဖြူလူမည်းခွဲခြားမှု မလိုအပ်၍ လူထုကတောင်းဆိုသော လူဖြူ လူမည်း ခွဲခြားမှုကို တော်လှန်သော အတွေးအခေါ်ပေါ်ပေါက်လာခဲ့သည်။ 

မာတင်လူသားကင်းဟူသောလူမည်း တော်လှန်ရေးသမားတဦး ပေါ်ထွက်လာခဲ့သည်။ အိန္ဒိယမှ ဂန္ဒီကြီး သည်လည်း လူထုနည်းနှင့် ဗြိတိသျှကို တော်လှန်သွားသူဖြစ်သည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မြန်မာ့လွတ်လပ်ရေးကို ငြိမ်းချမ်းသောနည်းလမ်း ဖြင့်သာ ရယူလိုခဲ့သည်။ သို့သော် နယ်ချဲ့တို့၊ ဖက်ဆစ်တို့၊ နာဇီတို့ဆိုသည်မှာ အနုနည်းနှင့် မည်သည့်အခါမျှ လျှော့မပေးတတ်သော သဘာဝရှိသောကြောင့်သာ လက်နက်လူသူ စုဆောင်းကာ တိုက်ပွဲဝင်သွားခြင်းဖြစ်သည်။ အိန္ဒိယမှာကဗျာ ဆရာကြီး တဂိုး၏ ရှန်တိနိကေတံ ကျောင်းမှာ ပညာရေးစနစ်၏တော်လှန်ရေးတရပ် ဖြစ်ပါသည်။ 

ယခု NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၈၈ အရေးတော်ပုံမှ စတင်ပေါ်ပေါက်လာသော လူထုပါတီ ဖြစ်သည်။

ပြည်သူတရပ်လုံးက ပြည်သူကို ကိုယ်စားပြုသူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို မွေးထုတ် ပေးလိုက် ကာNLDပါတီရယ်လို့ ပေါ်ထွက်လာခြင်းဖြစ်သည်။ ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် ပြည်သူတရပ်လုံးက ယုံကြည်မျှော် လင့်ကြသည်။ ပြည်သူလူထုနောက်ခံပြု၍လည်း NLD ပါတီရယ်လို့ ပေါ်ထွက်လာခြင်းဖြစ် သည်။ ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် ပြည်သူတရပ် လုံးက ယုံကြည်မျှော်လင့်ကြသည်။

ပြည်သူလူထု နောက်ခံ ပြု၍လည်း NLD ပါတီ ဤမျှသက်တမ်းကြာကြာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်ကို နည်း မျိုးစုံနှင့် လူထုနှင့်ကင်းကွာသွားအောင်ဖမ်းဆီးချုပ်နှောင်ထားခဲ့သော်လည်း ပြည်သူကမိမိတို့အပေါ်ကိုယ်စား ပြုရပ်တည်ပေးသောလူထုခေါင်းဆောင်၊ ပြည်သူ့ပါတီတရပ်ကို ဘယ် သောအခါမျှ မေ့ပျောက်မသွား။ ရင်ထဲနှလုံးထဲတွင် ရှိနေကြသည်။ NLD သည် ပြည်သူက မွေးဖွားပေးလိုက် သော ပါတီတရပ်ဟုသာဆိုရမည် ဖြစ် သည်။

NLD တွင် ကနဦးရပ်တည်ခဲ့သော နိုင်ငံရေးသမားများသည် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ ဖမ်းဆီးထောင်ချ ဘ၀ ပျက်အောင် အလုပ်ခံရသူများ ဖြစ်သည်။ အချို့လည်း အသက်အရွယ်ကြီးရင့်ကြပြီ။ တချို့လည်း ကျန်းမာရေး မကောင်းကြတော့ပါ။ သို့သော် သူတို့ထံမှာရှိသည့် အတွေ့အကြုံများအရ အကြံဥာဏ်များစွာ ရနိုင်ပါသေးသည်။ ထိုပုဂ္ဂိုလ်များသည် အနစ်နာခံပြီး တော်လှန်ရေးစိတ်ဓာတ် အပြည့်ရှိကြသူများ ဖြစ် သည်။ 

တော်လှန်သော စိတ်ဓာတ်မရှိဘဲ အာဏာရှင်စနစ်ကို ဘယ်လို တော်လှန်ပြု ပြင်နိုင်ပါ့မလဲ။ တော်လှန် သော စိတ်ဓာတ်အရင်းခံမရှိသူသည် အဟောင်းကို ရေစုန်မျောလိုက်ပြီး သာယာစီးကာ မသာနိုင်တော့ မှန်းသိလျှင် ရတာယူပြီး အသာလေးဘေးဖယ်ကာ ပြည်သူကို သစ္စာဖောက်သွားမည့်သူများ ဖြစ်သည်။ ဤသည်မှာ သမိုင်း တလျှောက်လုံးမှာရှိခဲ့ဖူးသည်။ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေးလေ့လာသူတိုင်း စိတ် ဓာတ်မှန်ကန် သူတိုင်းသိကြပါသည်။ အာဏာရှင်စနစ်ကို တော်လှန်လိုသော၊ ပြင်းပြ သောမုန်းတီးစိတ် မရှိဘဲ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပါ။ 

အနစ်နာမခံဘဲ အဟောင်းကို ရေစုန်မျောလိုက်ခြင်းဖြင့် ပြည်သူ့ဒီမိုကရေစီ ဘယ်တော့မှ မအောင်မြင် နိုင်ပါ။ 

ယခုအခါမှာ NLD ပါတီနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးဟူသော စစ်အစိုးရ၏ ကျောထောက်နောက်ခံပါတီ၊ ယင်း ပါတီ၏လက်စွဲများ၊ မဟာမိတ်ပါတီများတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်ကာလဖြစ်သည်။ ထို့ကြောင့် NLD သည် လူရွေးမမှားဖို့ အရေးကြီးသည်။ လက်ဝဲ လကျာ်ခွဲခြားနေခြင်းထက် ပြည်သူ ကို ဘယ်သူသည် အနာခံ ကိုယ်စားပြုနိုင်သလဲ။ ဘယ်သူအမာခံဖြစ်နိုင်သလဲ ဆိုသည့် ရဲရဲတောက် နိုင်ငံရေးသမားများ၊ ပြင်းပြသောစိတ် ဓာတ်နှင့် တော်လှန်ပြောင်းလဲလိုသူများ၊ အမြော်အမြင်ကြီးသူများသာ လိုအပ်ပါသည်။ 

အတွေ့အကြုံရင့်ကျက် သော နိုင်ငံရေးသမားဟောင်းကြီးအချို၏ အကြံဥာဏ်လည်း ယူသင့်ပါသည်။ ဒီလိုမဟုတ်ဘဲအစကတည်းက ဆွေးနွေးညိနှိုင်းလို့ရမည့်သူ၊ ပျော့ပျောင်းသည်ဟုဆိုကြသော အညံ့ခံခေါင်း လျှို ၀င်မည့်သူ၊ ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့ဆန္ဒကို အလွယ်တကူ ကျောခိုင်းမည့်သူများသည် အာဏာရှင် စနစ် ကနေ ဒီမိုကရေစီစနစ်ကို ဘယ်လိုပြောင်းလဲနိုင်ပါ့မလဲ။ ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပါ။တသက် လုံးဒုက္ခ သုက္ခခံလာသူ စွန့်စားစွန့်လွှတ်လာသူများနှင့် နှိုင်းစာလျှင် အခက်အခဲရွေးစေ့မျှလောက် ကြုံရသည် နှင့် ဖောက် ပြန်သွားကြပေလိမ့်မည်။

ပြည်သူကို ကျောခိုင်းကာ ကိုယ်ကျိုးရှာကြပေလိမ့်မည်။ ရုတ်တရက်တော့ မသိနိုင်ပါ။ သို့သော် သမိုင်းအ ဆက်ဆက် သင်ခန်းစာများက သက်သေထူနေပါသည်။ ဤသို့ပြောသဖြင့် NLD ကို ယခုအချိန်မှာ ဝေဖန်စရာ မလိုဟု ပြောကောင်း ပြောကြပေလိမ့်မည်။ သို့သော် ဝေဖန်ရေးသည် အမှန်တကယ်ပင် လိုအပ်ပါသည်။ ဝေဖန်ရေးရှိမှ အကောင်းအဆိုး အမှားအမှန် သိနိုင်သည်။ အမှားကို ပြင်နိုင်သည်။ အပုပ်ချခြင်း၊ နာမည်ဖျက်ခြင်းလော၊ ဝေဖန်ရေးစစ်စစ်လောဆိုသည်ကိုမူ စဉ်းစားဥာဏ် ရှိသူတိုင်း သိနိုင်သည်။ ထိုသို့မဟုတ်ဘဲ အားလုံးကောင်းပါသည် ခင်ဗျားဟု ဆိုသူများသာ NLD ကို တနည်း အားဖြင့် ပျက်စီးစေလိုသူများသာဖြစ်သည်ဟု ဆိုချင်သည်။

အမှားကိုသိပါလျက် မထောက်ပြ၊ အကြံဥာဏ်မပြု လျှင် အဖျက်သဘောသာ ဖြစ်သည်။ အကောင်းအဆိုး မဝေဖန်ရ၊ မပြောရဟုဆိုလျှင် နောက်ထပ် အာဏာ ရှင်စနစ်တခုဖြစ်သွားပါလိမ့်မည်။ အမှားကို မှားမှန်းမ သိအောင် ညံ့လို့ညံ့ မှန်းမသိအောင် ဖုံးကွယ်ကာ ချီးမြှောက်ထားလိုသူများသာ အဖျက်သမားများ ဖြစ်ကြ သည်။ 

ယခုလွှတ်တော်ကိုယ်စားလှယ်လောင်းသည် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံဥပေဒထဲဝင်ပြီး တိုက်ပွဲဆင်ရမည့် သူ ဖြစ်သည်။ 

အာဏာရှင်စနစ်ကို မည်သည့်အတိုင်းအတာထိ တိုက်ပွဲဝင်လာသလဲဆို သည်ကို ကြည့်ရမည်။ တိုက်ပွဲမ ဟုတ် ညှိနှိုင်းပွဲပါဟုဆိုလျှင် ဒီမိုကရေစီသည် တိုက်ပွဲမရှိဘဲ ဘယ်တော့မှမရနိုင်ပါ။ လူထု၏ လူမှုဘ၀လို အပ်ချက်က မတောင်းဆိုသောအရာများကို ကိုင်တွယ်လုပ်ဆောင်လျှင် ပြည်သူက ကျော ခိုင်းသွားလိမ့် မည်။

ပြည်သူနှင့် ကင်းကွာသွားလိမ့်မည်။ ဒီမိုကရေစီသည် တိုက်ပွဲကြားမှသာ ထွက်ပေါ်လာနိုင်သည်။ ဒီလို မဟုတ်ဘဲ အညံ့ခံခေါင်းလျှိုဝင်ပြီး အာဏာရှင် အလိုကျ ညှိနှိုင်းမည့်သူများသာများနေလျှင် ဘယ်တော့မှ မအောင်မြင်နိုင်ပါ။ ဘယ်တော့မှလဲ ဒီမိုကရေစီရလိမ့် မည် မဟုတ်ကြောင်းပါ။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List