တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ရေပူကျောင်းဆရာတော် ခြောက်ကြိမ်မြောက် ရုံးထုတ်တွင် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ စေတီဖြိုဖျက်မှုနှင့် တိုင်တန်းသူ တရားလိုအား ထည့်သွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေပူဆရာတော် အပါအ၀င် အရပ်သား လေးဦး၏ လေးကြိမ်မြောက် ရုံးထုတ်ကို သြဂုတ် ၁၀ ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပြုလုပ်ခဲ့ပြီး ကျောက်မျက်ရတနာဥပဒေနှင့် ပတ်သက် ၍ စေတီဖြိုဖျက်မှုဖြင့် တိုင်တန်းသူ တရားလို ဦးဖေစိန်အား ထည့်သွင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
“ဒီနေ့ တရားခွင်မှာ စစ်ဆေးချက်အရ တရားလိုရဲ့ ထွက်ဆိုချက်ရော ပြီးခဲ့တဲ့ ရုံးထုတ်တုန်းက အဓိက သက်သေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရဲ့ ထွက်ဆိုချက် တွေကို သုံးသပ်ကြည့်မယ်ဆိုရင် တရားရုံးမှာ ကျမ်းကျိန် တဲ့အတိုင်း တကယ်သာ ကျမ်းစူးမယ်ဆိုရင် သူတို့အားလုံး ဒီနေရာကနေတောင် ရွှေ့လို့မရဘူးဆိုတာ ပြောချင်ပါတယ်”ဟု ရေပူကျောင်းဆရာတော်က တရားရုံးမှ ပြန်လည်ထွက်ခွာသည့် အချိန်တွင် ပြောကြား သည်။
သြဂုတ် ၁၀ ရုံးထုတ်တွင် အဓိကတရားလို သက်သေဖြစ်သည့် မိုးကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော် ဦးမင်းသူ၏ဇနီး ဒေါ်ခင်ကြည်ဝင်း(ခ)ဒေါ်နန်းနှင့် ဦးတင်စိုးတို့ လာရောက်ခြင်း မရှိကြောင်း သိရ သည်။
အဆိုပါ အဓိက တရားလိုနှစ်ဦး လာရောက်ခြင်းမရှိသည့်အပေါ် ရေပူဆရာတော်က “သူတို့နှစ်ဦးမလာတဲ့ အဓိက အကြောင်းရင်းက ကိုတင်စိုးဆိုတဲ့သူက ရဲအင်ဖော်မာ ဖြစ်ပါတယ်။ သူက ဆရာတော်ကို ဒီပုဒ်မ တွေနဲ့ ငြိစွန်းအောင် နည်းမျိုးစုံနဲ့ ချောက်တွန်းခဲ့ပါတယ်။ စေတီဟောင်းတွေ ဖြိုဖျက်တဲ့အခါ ကတ်တွေနဲ့ အကာအရံတွေ ပြုလုပ်ဖို့ ပြောတယ်။ ကျောက်တူးတာ မဟုတ်လို့ ဗြုန်းခိုးဆေးတာမဟုတ်လို့ မကာခဲ့ပါဘူး” ဟု ဆရာတော်က ထပ်မံပြောကြားသည်။
ရေပူကျောင်းဆရာတော်အား သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ ဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရှိပြီး တရားလိုများဘက်မှ လိုပြသက်သေ ၂၀ အနက် ရှစ်ဦးအား စစ်ဆေးပြီးခဲ့ ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်း နှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက ၀င်ရောက်ဖမ်းဆီး လူဝတ် လဲ ခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများ အား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း၊ ရေပူကျောင်းဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမ အကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ထပ်မံ၍ ခုနစ်ကြိမ်မြောက် ရုံးထုတ်ကို သြဂုတ် ၁၇ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံး၌သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ရေပူကျောင်းဆရာတော်အား မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အထိ မန္တလေး အိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment