Friday, August 14, 2015

သျှမ်းရွှေ့ပြောင်းအလုပ်သမားများဦးစီးကျင်းပသည့် ထိုင်းနိုင်ငံအမေနေ့ပွဲ ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်တက်ရောက်



ထိုင်းနိုင်ငံအတွင်းရောက်ရှိသည့် သျှမ်းရွေ့ပြောင်းအလုပ်သမား အချို့ စုပေါင်းဖွဲ့စည်းထားသည့် သျှမ်းမျိုး နွယ်များအဖွဲ့ ကမကထပြုကျင်းပသည့် ထိုင်းနိုင်ငံ အမေများနေ့ပွဲ၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဇနီးက တက်ရောက် ချီးမြင့်သည်။

ဩဂတ်စ် ၁၁ ရက် - ၁၂ ရက် အထိ ချင်းမိုင်မြို့ ဝတ့်ဒွန်းဇန် ဘုန်းကြီး ကျောင်း၌ ကျင်းပသည့် ထိုင်းနိုင်ငံ ဘုရင်မ မွေးနေ့ကို ဂုဏ်ပြုသည့် ထိုင်းနိုင်ငံအမေနေ့ အခမ်းအနားတွင် တက်ရောက်သည့် ဒုတိယ ဗိုလ်ချုပ် ကြီးယွက် စစ်က - “ခိုကိုးရာမဲ့ သျှမ်းလူမျိုးတွေကို ထိုင်းမြေပေါ်မှာ နားခိုခွင့်ပေးတဲ့ ထိုင်းဘုရင်မင်းမြတ် နှင့် ထိုင်းဘုရင်မ ကြီးကို အထူးကျေး ဇူးတင်တယ်၊ ဒီ့အတွက် ထိုင်းဘုရင် နဲ့ သိန္နီသျှမ်းစော်ဘွား ဆက်ဆံရေး ဂုဏ်ပြုတဲ့အနေနဲ့ထိုင်း ဘုရင် ဖရ နရေးဆွန် ရုပ်တု ထွင်းထုကြပြီး ပြခန်းအနေနဲ့ မယ့်ရင်းမ်း မြို့နယ်မှာ ထားရှိမယ်” - ဟု ပြောကြားသွားသည်။

အဆိုပါ အခမ်းအနားဖြစ်မြောက်ရေးအတွက် သျှမ်းမျိုးနွယ်များအဖွဲ့ (မ္ဒုှ္ပူုမ်း္ပ္ဂဝ်း္ဓိုဝ်းတဿး) အား ထိုင်းဘုရင့် ကြည်းတပ်မတော် တပ်မဟာ ၇ တပ်မှူး မှ ပံ့ပိုးမှုပြုသည်ဟု လည်းသိရသည်။

ထိုင်းနိုင်ငံအမေများနေ့ကို ထိုင်းဘုရင်မ သီရိကစ် ၏ မွေးနေ့ ဩဂတ်စ်လ ၈ ရက်နေ့အား အစွဲပြု၍ ၁၉၇၆ ခုနှစ်ကတည်းက စတင်သတ်မှတ်လာခဲ့သည်။ လက်ရှိတွင် ထိုင်းဘုရင်မ မှာသက်တော် ၈၃ ရှိပြီဖြစ်ပါ သည်။

သက်တော်ကြီးရင့်လာသည့် ထိုင်းဘုရင် နှင့် ထိုင်းဘုရင်မတို့သည် ကျန်းမာရေးအတွက် အထူးကုများမှ မျက်ခြေမပြတ် ကျန်းမာရေးစောင့် ရှောက်ပေး တော်မူနေရသည်။

RCSS/SSA မှာမူ သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ဟိုမိန်းမြို့ နှင့် ထိုင်းနိုင်ငံ မယ်ဟောင်မြို့ကြား နယ်စပ် လွယ်တိုင်းလျဲန်း၌ ဌာနချုပ် အခြေစိုက် နေ ထိုင်သည်။ မြန်မာအစိုးရ နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ်ရေး ထိုးထားသည့်အပြင် ၂၀၁၅ ခု ပြည်ထောင်စုနေ့ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ကတိ စာချုပ်လည်း လက်မှတ်ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက် နက်ကိုင်တပ်ဖွဲ့ဖြစ် သည်။

Panglong(Burmese) 

No comments:

Post a Comment

My Blog List