Saturday, August 15, 2015

စီးပွားရေးသမား ၆၅၂၇ ဦးကို တောင်ကိုရီးယား လွတ်ငြိမ်းချမ်းသာခွင့်ပေး


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သြဂုတ် ၁၃ ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအ တွင်း နိုင်ငံရဲ့ တတိယအကြီးဆုံး ကော်ပိုရေး ရှင်းကြီးဖြစ်တဲ့ SK အုပ်စုရဲ့ ဥက္ကဋ္ဌ အပါအဝင် စီးပွားရေးသ မား ၆၅၂၇ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ပြန်နာလံထူ ခေါင်းထောင်နိုင်ရေးအတွက် တောင်ကိုရီးယား အစိုးရရဲ့ အားထုတ် မှုပါ။

ကိုရီးယားကျွန်းဆွယ် ဂျပန်ကိုလိုနီလက်အောက်က လွတ်မြောက်တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အထိမ်း အမှတ်အနေနဲ့ တိုင်းပြည် ဟန်ချက်ညီရေးနဲ့ စီးပွားရေးတိုးမြှင့်ဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ် ခဲ့တယ်လို့ သမ္မတက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

“စီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးတို့လို ကျမတို့ ရင်ဆိုင်နေရတဲ့ အလုပ်တွေ အတွက် ဆောက်လုပ်ရေး၊ ကွန်ပျူတာ ဆော့ဖ်ဝဲနဲ့ တခြားလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမား တွေပါ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါတယ်။”

တောင်ကိုရီးယား စီးပွားရေးခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ SK အုပ်စုရဲ့ ဥက္ကဋ္ဌဟာ အလွဲသုံးစား မှုအတွက် ၄ နှစ် ထောင်ဒဏ်ကျခံနေရပြီး ၂၀၁၃ ဇန်နဝါရီတည်းက ထောင်ကျနေခဲ့တာပါ။

SK အုပ်စု ပြောခွင့်ရကတော့ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ စီမံခန့်ခွဲရေး ဟာကွက်ကို ဖြေရှင်း ပေးမှာဖြစ်ပြီး စီးပွားရေး နုပျိုသစ်လွင်ဖို့ အားထုတ်မှုတွေကို အာရုံစိုက်ရာမှာ အကူအညီ ဖြစ်လာမယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားဟာ စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပြစ်ဒဏ်ကျ လုပ်ငန်းပိုင် ရှင်ကြီးတွေကို လွတ်ငြိမ်းချမ်း သာခွင့်ပေးတဲ့ ဒါမှမဟုတ် ပြစ်ဒဏ်ဆိုင်းငံ့တဲ့ သမိုင်းရှည်ကြီး ရှိပါတယ်။

ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ SK နဲ့ ဟန်းဟွာ ကော်ပိုရေးရှင်း လုပ်ငန်းစုတွေရဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေဟာ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချခံရပေမယ့် ပြစ်ဒဏ်ဆိုင်းငံ့ခံရပြီး နောက်ပိုင်းမှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်း သာ ခွင့်ကို ရခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List