Thursday, August 13, 2015

တပ်မတော်ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မယ်


တပ်မတော်ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ အပါအဝင် အရာရှိကြီး ၂၇ဦးဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မယ်လို့ တရားဝင် ကြေညာ လိုက် ပါတယ်။

ဒီရက်ပိုင်းအတွင်း အငြိမ်းစားယူလိုက်တဲ့ တပ်မတော် တတိယခေါင်းဆောင် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ် ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ကြံ့ခိုင်ရေး ပါတီ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ အလားတူ ဝင်ရောက်ယှဉ်ပြိုင် မယ့်သူတွေကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးလွင်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်တဦးတို့ ဖြစ်ကြပါတယ်။

ကျန်တဲ့ ဗိုလ်ချုပ်ကြီးထဲတွေက ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က ရန်ကုန်တိုင်း ကိုကိုးကျွန်း မြို့နယ်၊ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက ရွှေကျင်မြို့နယ် နဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ဝေလွင်က ပုဗ္ဗသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး လှမင်းယှဉ်ပြိုင်မယ့် ရွှေကျင်မြို့နယ်မှာ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ်တဦးသာ ရွေးကောက်ပွဲ ကော်မရှင်မှာ လောလောဆယ် စာရင်းပေးထား တာ တွေ့ရပါတယ်။

လက်ရှိမှာတော့ တပ်မတော်သား ၅၀နီးပါး အငြိမ်းစားယူထားပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ က ဝင်ပြိုင်ဖို့ အဆိုပြုထားပေမယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ၂၇ဦးသာ ဝင်ပြိုင်မှာဖြစ် တဲ့အတွက် ကျန်တဲ့တပ်မတော်သားတွေဟာ တိုင်းဒေသကြီးလွှတ်တော်က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List