Wednesday, August 12, 2015

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုးအား ခန့်အပ်


ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ်အောင်စိုး အား ခန့်အပ် တာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတမှ ကြေညာချက် ထုတ်ပြန်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုးအား ဒုတိယဝန်ကြီး
အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထဲရေး ဝန်ကြီးဌာန၌ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ဇံမြင့် နှင့် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့ တာဝန် ထမ်းဆောင်လျက်ရှိသည်။ 

(Xinhua)

No comments:

Post a Comment

My Blog List