Tuesday, August 11, 2015

ရေဘေးအတွက် သြစတြေးလျက ၃ သန်းကူညီမည်


မြန်မာ့ရေဘေးအတွက် နိုင်ငံတကာမှာ ကူညီနေကြရာမှာ သြစတြေးလျနိုင်ငံကလည်း စုစုပေါင်း ဒေါ်လာ ၃ သန်းကူညီသွားမယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့က ပြောကြားလိုက်ပါတယ်။ဒါဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေါ်လာ ၂ သန်းကူညီဖို့ ကြေငြာခဲ့ပြီး သောကြာနေ့မှာ ဒေါ်လာ ၁ သန်း အပို ကူညီဖို့ ထပ်မံ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံမှာကူညီပေးနေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေက အထူးဝမ်းမြောက်စွာ ကြိုဆိုလိုက် ပါတယ်။

အဲဒီလို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ Save the Children အဖွဲလည်း အပါအ၀င်ဖြစ်ပြီး သူတို့ရဲ့ ခန့်မှန်းချက်အရ ကလေးငယ်ပေါင်း တစ်သိန်းကျော်ဟာ ရေဘေးဒုက္ခသည်တွေ ဖြစ်ကြောင်းနဲ့ လုံလောက်တဲ့ အစားအစား နဲ့ သောက်သုံးရေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအဖွဲ့အစည်းရဲ့ ဆက်သွယ်ရေး တာဝန်ခံ Lynette Lim က အခုလို အပိုငွေ ၁ သန်း ကူညီတာဟာ လတ်တလော သောက်သုံးရေ ရရှိဖို့၊ အခြေခံ အိမ်သုံးပစ္စည်းတွေ ပေးဝေနိုင်ဖို့နဲ့ သစ်ပင်တွေ ပြန်လည် စိုက်ပျိုးရေးမှာ အကူအညီဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၆ သိန်းဖိုးတန်တဲ့ အထောက်အပံ့တွေနဲ့ အတူ ဂျပန်နိုင်ငံကလည်း ဒေါ်လာ တစ်သိန်းခွဲတန်တဲ့ အထောက်အပံ့တွေ အပြင် ဗီယက်နမ်နိုင်ငံကလည်း ဒေါ်လာ နှစ်သောင်းဖိုး တန်တဲ့ ရေသန့်တွေ ကို ကူညီခဲ့ကြပါတယ်။

ABC

No comments:

Post a Comment

My Blog List