Monday, August 10, 2015

ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး သမ္မတသီးသန့်ရန်ပုံငွေ အသုံးပြုမည်


ရေဘေးကြောင့်ပျက်စီး ဆုံးရှုံးခဲ့သော ကျေးလက်ဒေသများပြန်လည်ထူ ထောင်ရန် နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေမှ သုံးစွဲရန်စီစဉ်ထားကြောင်း မွေး မြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်သမ္မတ သီးသန့် ရန်ပုံငွေသည် ကျပ်တစ်ရာဘီလီယံရှိ ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တံ တားနှင့် လမ်းပိုင်းပျက်စီးမှုကြောင့် ကျပ်သန်းနှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မွေး/ရေ၊ ကျေးလက်ဝန်ကြီး ဌာန က ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုမှ စာရင်းများကို ကိုး ကား၍ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဇွန်လနှင့် ဇူလိုင်အတွင်း ရွာသွန်းခဲ့သော မိုး ရေများကြောင့် ရေလွှမ်းမိုး၍ ချင်း၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်း တိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့ ကို သဘာဝဘေးအန္တရာယ်ကျ ရောက်နေသော ဒေသ များအဖြစ် ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော် သမ္မတက ထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါ ဒေသများရှိ ရေ ဘေးသင့်ခဲ့သော ကျေးလက်နေ ပြည်သူများ၊ လယ်ယာများနှင့် ကျွဲ  ၊ နွားတိရစ္ဆာန်များပျက်စီးဆုံး ရှုံးခဲ့မှုကို ပြန်လည်ထူထောင်ရန် အဆိုပါ ၀န်ကြီးဌာနက စီစဉ်ထား သည်ဟုဆိုသည်။

ထိုသို့ ဆုံးရှုံးခဲ့မှုများကို ပြန် လည်ထူထောင်နိုင်ရန် တိရစ္ဆာန်များ ဖြည့်တင်း ခြင်း၊ ကုသပေး ခြင်း၊ တိရစ္ဆာန် ဖြန့်ဖြူးခြင်း၊ ငွေ ကြေးထောက်ပံ့မှုများကို ယင်းဝန် ကြီးဌာနက ဆောင်ရွက်ပေးမည် ဖြစ်ပြီး သဘာဝဘေး နိုင်ငံတော် ထောက်ပံ့ငွေနှင့်  နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေတို့မှ သုံး စွဲရန်စီစဉ်ထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လိုအပ်ပါက အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ရောဂါကာကွယ်ရေးအဖွဲ့ချုပ်(OIE)၊ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)၊ ကမ္ဘာ့ တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့ (WPA)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီကို ရယူမည်ဖြစ် ကြောင်း ယင်းဝန်ကြီးဌာန၀က်ဘ် ဆိုက်တွင် ထုတ်ပြန်ထား သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရေ ကြီးရေလျှံမှုကြောင့် တံတားအ စင်းရေ ၇၀ ပျက်စီးသွားသဖြင့် ၄၆ စင်းကို ဘေလီတံတားများ ဖြင့်  ယာယီပြင်ဆင်ပေးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List