အောင်လံမြို့တွင် အနိမ့်ပိုင်း ရပ်ကွက်အချို့မှလွဲ၍ တစ်မြို့လုံးနီးပါး ရေပြန်ကျသွားသော်လည်း ကူညီကယ် ဆယ်ရေးစခန်းများ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အကူအ ညီများ လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ရေပြန်ကျသွားပေမယ့်သန့် ရှင်းရေးလုပ်တာတို့၊ အိမ်ပြန်ပြင် တာတို့က လုပ်ရဦးမှာလေ။ ပြန်လည်ထူ ထောင်ရေးပေါ့။ စခန်းတွေကတော့ ဆက်ဖွင့်ထားရဦးမှာပါ။ အားလုံး ကိုယ့်အိမ်မှာကိုယ် အေးအေးချမ်း ချမ်း ပြန်နေလို့ရ မယ့်အချိန်ထိ’’ဟု ဗိုလ်ကုန်းကယ် ဆယ်ရေးစခန်းမှ အကူအညီများ ပေးနေသူတစ်ဦးက ပြောသည်။
ကမ်းနားတန်းရှိနေအိမ်များ နှင့် လွင်ပြင်ကျကာ မြစ်ရေစီးသန် သောနေရာများရှိ လူနေအိမ်များ မှာ ရေကြီးစဉ်ကာလ ရေမျောပါ မည်စိုး၍ အမိုးအကာများဖျက် ခြင်း၊ နီးစပ်ရာ အပင်ကြီးများ ခိုင် ခံ့သော အရံအတားများနှင့် တွဲဆက်ချည်နှောင်ခြင်းများ ပြုလုပ်ခဲ့ရသောကြောင့် ယခုရေပြန်ကျ သောအခါ နေအိမ် များပြန်လည် ပြုပြင်ရေးကို လုပ်ကိုင်ကြရဦးမည်ဟု ရေဘေးသင့်ပြည်သူများ ကပြောသည်။
အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးစသည့်လူ့ အသုံးအဆောင်ပစ္စည်းများကိုမြို့ ခံပရဟိတ အသင်းအဖွဲ့များ၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများက ဖြည့်ဆည်းပေးမှုများ ရှိနေသော်လည်း ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများမှာ အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။ မြို့တွင်းလမ်းအချို့နှင့် အောင်လံမြို့မဈေးကြီး၊အထက (၂) ကျောင်းနှင့် မြို့ပေါ်မူလတန်း ကျောင်းအား လုံးနီးပါး ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ တင်ကျန်ရစ်သော နုန်းနွံအနှစ်များကို အောင်လံမြို့စည်ပင်၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံများစုပေါင်းသန့်ရှင်းရေးပြုလုပ်နေပြီး ဈေးကြီးနှင့် ကျောင်းများအမြန် ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း အောင်လံစည်ပင်မှ တာဝန်ရှိ အင်ဂျင်နီယာက ပြော သည်။
7Day Daily
No comments:
Post a Comment