ရေဘေးသင့်ဒေသများ နှင့် ပတ်သက်၍ ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ၊ လက်ရှိ အခြေအနေ များ၊ ပြန်လည်ထူ ထောင်ရေးဆိုင်ရာများ အစရှိ သည့် အကြောင်းအရာများပါဝင် သည့် တင်ပြချက်များကို သြဂုတ် ၁၄ ရက်နောက်ဆုံးထားတင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ တင်ပြချက်ကို ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်ဖြစ်ကာ လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်မူ ဘောင်အတွင်းမှ အကောင်းဆုံး ဆောင်ရွက်နိုင်မည်ဟုယူဆကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။
‘‘ဒီလ ၁၄ ရက်နေ့ အရောက် ပို့ရမှာ။ လွှတ်တော်ကိုယ်စား လှယ်တွေအားလုံးကို Report တောင်းထားတာ ပေါ့။ ရေဘေး သင့်ဒေသတွေက ကိုယ်စားလှယ် တွေ မဖြစ်မနေပို့ရမယ့်သဘော။ ဒါပေမဲ့လည်း ရေဘေးက တစ် နိုင်ငံလုံးနီးပါးဖြစ်နေတော့ အားလုံးကိုပို့ရမှာပါပဲ’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်ကပြော ကြားသည်။
လွှတ်တော်ဥက္ကဋ္ဌထံ ပြန် လည်တင်ပြနိုင်ရန် မိမိဒေသအ တွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ ဆုံးရှုံးသွား သည့် အမျိုးအစား၊ တန်ဖိုး အစရှိသည့် အချက်အလက်များ ပြည့်ပြည့်စုံစုံပါဝင်သည့် အစီရင်ခံစာ တစ်ရပ် တင် ပြနိုင်ရေးဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဘရှိန်ကပြောသည်။
‘‘အဓိကကတော့ ဒီဘက်မှာ တာတမံတွေ၊ တာပေါင်တွေပျက် စီးသွားတယ်။ စပါးတွေပျက်တယ် ပေါ့။ လတ် တလောကတော့ ရေဘေးသင့်ဒေသတွေကို ထောက်ပံ့ရေးပစ္စည်းတွေ အဆင်ပြေပြေရောက်ဖို့ ပံ့ပိုးဆောင် ရွက်ပေးနေ တယ်’’ဟု ဦးဘရှိန်ကပြောသည်။
လွှတ်တော်ရပ်နားထားသော်လည်း လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်မူဘောင်အတွင်းမှ ရေဘေး ကယ်ဆယ် ရေး၊ ကာကွယ်ရေး၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ် စားလှယ်များကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က သြဂုတ် ၈ ရက်တွင် တိုက်တွန်းပြောကြား ထားသည်။
7Day Daily
No comments:
Post a Comment