Monday, August 10, 2015

တောင်သမန်အင်းအနီး သာသနာ့ဗိမာန်နှင့် ယဉ်ကျေးမှုဗိမာန်များတည်ဆောက်ရန် မန္တလေးမြို့တော်ဝန်သို့ အကြံပြု


အမရပူရမြို့ရှိ တောင် သမန်အင်းအနီးတွင် သာသနာ့ဗိမာန်နှင့် ယဉ်ကျေးမှုဗိမာန်များတည်ဆောက်ရန် မန္တလေးမြို့ တော်ဝန်အကြံပေးအဖွဲ့က တင်ပြထားကြောင်း သတင်းရရှိသည်။ အဆိုပါ ဗိမာန်များကို တောင်သမန်အင်း အနောက်မြောက်ထောင့်တွင် တည်ဆောက်ရန် မန္တလေးမြို့တော်ဝန်နှင့်တိုင်း ဒေသ ကြီးအစိုးရအဖွဲ့သို့   တင်ပြ ထားခြင်းဖြစ်သည်။

အမရပူရမြို့တွင် ဆရာတော်သံဃာတော်များ စာမေးပွဲ ဖြေဆိုရန်နှင့် စူဠဘွဲ့နှင်းသဘင် ဆပ်ကပ်ချီးမြှင့် သည့် အခမ်းအ နားပြုလုပ်ရန် သီးသန့်နေရာမရှိ သည့်အတွက် အထက်တန်း ကျောင်းများတွင်သာ သွား ရောက်ပြုလုပ်နေရသည်။ ထို့ပြင် အမရပူရခေတ်ယဉ်ကျေးမှု အနုပညာလက်ရာပစ္စည်းများ သီးသန့်ပြသ သည့်နေရာမျိုး မရှိသေး၍ အဆိုပါဗိမာန်များ တည်ဆောက် ရန် အကြံပြုရခြင်း ဖြစ်ကြောင်း မန္တလေးမြို့ တော်ဝန် အကြံပေး အဖွဲ့ဝင်များက ပြောသည်။

‘‘လုပ်မယ်ဆိုရင်တော့ အမ ရပူရမြို့က   ဆရာတော်တွေ၊မြို့မိမြို့ဖတွေ အလှူရှင်တွေကိုဖိတ်ကြားပြီး    သဘောထားဆန္ဒခံယူမယ်ဆိုရင် ပိုကောင်းပါ တယ်’’ဟု အမရပူရမြို့ ဒေသခံ မြို့တော်ဝန်အကြံပေး အဖွဲ့ဝင် ဦးသန်းမြင့်ကပြောသည်။

ယင်းသို့ သာသနာ့ဗိမာန်နှင့် ယဉ်ကျေးမှုဗိမာန်တည်ဆောက် ရေး လှူဒါန်းရန် ပြင်ပအလှူရှင်များက ကမ်းလှမ်းမှုများရှိနေပြီး တည်ဆောက်လိုသည့်မြေနေရာ၌ ပိုင် ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများရှိ နေ ကြောင်း မြို့တော်ဝန်အကြံ ပေးအဖွဲ့ဝင်များက ပြောသည်။

မန္တလေးမြို့တော် နှစ်(၃၀)စီ မံကိန်းတွင် မန္တလေးမြို့ဒေသတစ် ဝိုက် ယခင်က မြင်းစိုင်း၊ ပင်းယ၊ အင်းဝ၊ အမရပူရ စသည့်ရှေးမင်း အဆက်ဆက်၏နေပြည်တော်မြို့ ပြယဉ်ကျေးမှု အရိပ်အာဝါသများကို နောက်ခံ ထား၍ အမျိုးသားယဉ် ကျေးမှုဇုန်အဖြစ် တောင်သမန် ဝန်းကျင်တွင် ထားရှိသင့်ကြောင်းနှင့် ယင်းနေရာ တွင် ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်များ၊ ဇာတ်ရုံကြီးများ၊ တိုင်းရင်းသားကျေးရွာစသည်တို့ကိုတည်ဆောက် နိုင်ပါက မန္တလေးဒေသခရီးသွား လုပ်ငန်းများသည် များစွာတိုးတက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်သမန်ကန်ပတ်လမ်းတွင် အုန်းပင်များစိုက်ပျိုးရန်၊ တောင်သမန်အင်းနှင့် ဦးပိန်တံ တားမြင်ကွင်းများ ကို လှည့်ပတ် ကြည့်ရှုရန် ကန်ပတ်လမ်းတွင် ပြင်ဦးလွင်ရှိ (၁၉)ရာစုခေတ် မြင်းရထားမျိုးဖြင့် ပြေးဆွဲမည် ဆိုပါက နိုင်ငံခြားသားခရီးသွားဧည့်သည့် များအား ဆွဲဆောင်နိုင်စရာလုပ် ငန်းတစ်ခုဖြစ်လာမည် ဖြစ် ကြောင်း အကြံပေးအဖွဲ့က တင်ပြ ထားသည်။

တောင်သမန်အင်းဝန်းကျင် သာယာလှပစေရန် အင်းနှင့်ဆက် စပ်နေသည့် လူနေရပ်ကွက်များ တွင် လမ်းနယ်နိမိတ်သတ်မှတ်၍ အဆောက်အအုံဆောက်လုပ်စေ ခြင်း၊ တောင်သမန်အင်းအနီးတွင် အညစ် အကြေးမစွန့်ရန်နှင့် ကိုယ် ပိုင်နှင့် စုပေါင်းရေလောင်းအိမ်သာများ တည်ဆောက်ရန် ပညာ ပေးခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပေးအဖွဲ့မှ မြို့တော်ဝန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သတင်းရရှိ သည်။

7Day Daily

No comments:

Post a Comment

My Blog List