ညောင်တုန်းမြို့ကို ကာရံထားသည့် တာတမံအပါအ၀င် ဧရာဝတီတိုင်းဒေသကြီးရှိ တာတမံများ ပြုပြင်ရန် လွှတ်တော်သို့ တင်သွင်း၍ ဘတ်ဂျက်တောင်းခံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ညောင်တုန်းမြို့သို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
‘‘သမ္မတကြီးက ဒီမြို့ကိုတာ ပတ်ပေးမယ်လို့ ပြောတယ်။ ဒီထက်ပိုပြီးတော့ ဒီတာကို ခိုင်ခံ့အောင် လုပ်ပေးဖို့ ငါးပေအမြင့် ထပ်တင်မယ်လို့ ပြောတယ်။ ပွင့် လင်းရာသီမှာ ပညာရှင်တွေနဲ့ ဆာဗေးလုပ်ပြီးရင် ဒီတာကို စပြင် ဖို့ အကောင်အထည်ဖော်မှာပါ’’ ဟု ဧရာဝတီတိုင်းဒေသကြီး ၀န် ကြီးချုပ်ဦးသိန်းအောင်က ပြော ကြားသည်။
သမ္မတသည် သြဂုတ် ၉ ရက်တွင်ဧရာဝတီတိုင်းဒေသကြီး ရှိ ရေလွှမ်းမိုးခံရသည့် မြို့နယ်မျာအနက် ညောင်တုန်းနှင့် ဟင်္သာတမြို့များရှိ ရေဘေးသင့် ပြည်သူများထံ အားပေးစကား ပြောကြားရန်နှင့် ပြုပြင်ရန် လိုအပ် သော တာများကိုလိုက်လံကြည့်ရှု ခဲ့သည်။
ထို့အပြင် ရေဘေးတွင် ပါဝင်ကူညီကြသော ဒေသခံများ၊ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ ၀င်များအား လာရောက်အားပေး ခဲ့သည်။
‘‘အများနဲ့ဆိုင်တဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အပိုင်းကနေ တာဝန် ယူပြီးတော့ အမြန်ဆုံးဆောင်ရွက် ပေးသွားမှာပါ။ လောလောဆယ်တော့ တာလည်းကျိုးစရာ မရှိတော့ပါဘူး။ အန္တရာယ် လည်း မဖြစ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ရေလည်း ကျနေပြီဖြစ်ပါတယ်။ အဲဒီတော့ စိတ်ဓာတ်မကျနဲ့၊ အား မပျက်နဲ့၊ ဒုက္ခသုခ ကြုံတဲ့အတွက် ကြောင့် တို့တွေပိုပြီးတော့ ဂရုစိုက်ရမယ်။ ပိုပြီးတော့ တို့ဝီရိယထားရ မယ်’’ ဟု နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းရှိ အနိမ့်ပိုင်း မြို့များကို ဦးစားပေးကာ တာများ ပြုပြင်သွားရန် သမ္မတက အဓိကကြည့်ရှု ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတ၏ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်သော်လည်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်စရာများ ရှိနေခြင်းကြောင့် လွှတ်တော်တွင် ဘတ်ဂျက်တောင်း ခံကာ ဦးစားပေး အဆင့်အလိုက် တာများ ပြုပြင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဟင်္သာတခရိုင်အတွင်း ဧရာဝတီမြစ်ရေတာများကို လာမည့်နှစ်တွင် လက်ရှိအမြင့်ထက်ငါးပေထပ်မြင့်သွား မည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက လက်ရှိရေကာတာနေရာများအနက် ကြံ့ခိုင်မှုအားနည်းချက်ရှိသည့် နေရာများကို ဦးစားပေး၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ပြင်ဆင်မည်ဟု ဆိုသည်။
‘‘တာတွေက ပုံမှန်အရေအတွက် ဆိုရင်တော့ လုံလောက် တာပေါ့ဗျာ။ ခုလို သာမန်ထက် ထူးကဲတဲ့ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ရင်တော့ ပိုပြီးတော့ တောင့်တင်းဖို့လိုတယ်။ ငါးပေလောက် တော့ ထပ်မြှင့်မှာပေါ့’’ဟု ဦးရဲထွဋ်က ပြောပြသည်။
ဧရာဝတီတိုင်းရှိ တာများကို ပြုပြင်ရန် မူလကပင် အစီအမံများရှိသော်လည်း နိုင်ငံတော်အနေဖြင့် ငွေကြေး လုံလောက်မှု မရှိသဖြင့် ယခင်က ပြင်ဆင်နိုင်ခြင်း မရှိဟု ဆိုသည်။ ယခုကဲ့သို့ လိုအပ်ချက် များရှိနေခြင်းအ ပေါ် အထူးရန်ပုံ ငွေတောင်းခံကာ ပြင်ဆင်သွားမည်ဟု သတင်းရရှိ သည်။
နိုင်ငံတော် သမ္မတသည် ညောင်တုန်းမြို့သို့ သြဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရောက်ရှိခဲ့ပြီး ညောင်တုန်းမြို့ ၁၁ လမ်းနှင့် ၁၂ လမ်းကြားရှိ မြစ်ရေ ၀င်ရောက်မှု မရှိရန် သဲအိတ်များဖြင့် ကာရံထား သည့် တာနှင့် ညောင်တုန်းမြို့ရှိ ရေဘေးရှောင် သူများ နေထိုင်သည့် ရွှေဟင်္သာ တောရ ကျောင်းတိုက်သို့ သွား ရောက်ကာ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ဟင်္သာတမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။
7Day Daily
No comments:
Post a Comment