Monday, September 15, 2014

ကန့်ကွက်နေသည့်ကြားက ပညာရေးဥပဒေမူကြမ်းအားအတည်ပြုပါက ၂ဝ၁၅ သမ္မတသစ်လက်ထက်တွင် ပြင်ဆင်ရန်ကြိုးစားမည်


ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေသည် ဥပဒေသစ်တစ်ရပ် အဖြစ် အသက်ဝင်ခဲ့လျှင် နောင်လာမည့် ၂ဝ၁၅ သမ္မတသစ်လက်ထက်အထိတိုင် ပြင်ဆင်ရန်ကြိုးစား မည်ဟု စက်တင်ဘာ ၈ ရက်တွင် ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂမှ ဥက္ကဋ္ဌ၊ NNER အ ဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောသည်။

အမျိုးသားပညာရေးဥပဒေ အမှန်တကယ်အတည်ပြုပါက နိုင်ငံတော်ရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံကာ ၄င်းတို့ထံမှ ထင်မြင်သုံးသပ်ချက် များနှင့် ရှေ့ဆက်ရောက်ရှိလာမည့် သမ္မတ အသစ်အထိ တိုင်အောင် ဥပဒေပါအချက် များအား ပြင်ဆင်သွားမည် ဖြစ်သည်ဟု ပြောသည်။

''အမှန်တကယ် အမျိုးသား ပညာရေးဥပဒေကို အတည်ပြုလိုက်ပြီဆို ရင် ထပ်ကြိုးစားမယ်။ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မယ်။ ပြီးရင် သူ တို့တွေ ထင်မြင်ချက်ပေးတာတွေ၊ သုံးသပ် ပေးတာတွေကို ယူမယ်။ သူတို့နဲ့ တိုင်ပင် ဆွေးနွေးပြီး ရရှိလာတဲ့အရာတွေကို နောင် အသစ်တက်မယ့် သမ္မတအထိ ပြင်ဆင်မှု တွေလုပ်သွားမယ်။ သမ္မတအသစ်ကလဲ ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေပေါ့'' ဟု ဒေါက်တာ အာကာမိုးသူက ပြောသည်။

အမျိုးသားပညာရေးဥပဒေ သည် ဖွဲ့စည်းပုံအခြေခံဥပဒေလက်အောက်တွင်ရှိသော တည်ဆဲဥပဒေ တစ်ခုဖြစ်သည့် အတွက် ပြင်ဆင်ရန် လွယ်ကူနိုင်သည်ဟု တကသမှ ကိုစည်သူမောင်က ''ဥပဒေအ တည်ဖြစ်သွားရင် ပညာရေးလှုပ်ရှားမှုတွေ ကလဲ ရှိနေဦးမှာပဲ။ ဒီမိုကရေစီပညာရေး ဆိုတာ ဒီလိုမဖြစ်သင့်ဘူး။ လွှတ်တော်ကို ပြန်တင်ပြလို့လဲရတာပဲ။ ဒီဥပဒေက ဖွဲ့ စည်းပုံအခြေခံလို ခက်တဲ့ဟာကိုပြင်မယ် လို့ ပြောတာမဟုတ်ဘူး။ အမျိုးသားပညာ ရေးဥပဒေက ဖွဲ့စည်းပုံအောက်မှာရှိ တဲ့ တည်ဆဲဥပဒေလေးပါ။ ဒါတွေကတော့ ပြင်လို့ရတယ်'' ဟုပြောသည်။

ယင်းဥပဒေပြင်ဆင်မှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ဆရာ၊ဆရာမများ ဖက်ဒရေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးသန်းထိုက်အောင်က ''တိုင်းရင်းသား ခေါင်းဆောင်တွေကို နားလည်အောင်ရှင်း ပြပြီး သူတို့ကို အင်အားယူခဲ့ကြ တာပေါ့။ ဒါကိုလဲ သူတို့တွေ သဘောတူကြတယ်။ အခုက သမ္မတက ဒီဥပဒေကို ပြင်နိုင်ဖို့ လွှတ်တော်ကို ပြန်ပေးလိုက်ပေမယ့် လွှတ် တော်ဘက်က ပြင်ဖို့လုံးဝ မရှိဘူးဆိုတဲ့ပုံစံ မျိုးတွေဖြစ်နေတယ်'' ဟု ပြောသည်။

အမျိုးသားပညာရေးကို ယခု နှစ် ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ရာ ယင်း ဥပဒေသည် ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများအပေါ် ဗဟိုအုပ်ချုပ် မှုပုံစံရေးဆွဲထားပြီး ဒီမိုကရေစီနည်းလမ်း ဖြင့်သွားသော ပညာရေးဥပဒေတစ်ရပ် မဟုတ်သည့်အတွက် အနယ်နယ်အရပ် ရပ်မှ ကျောင်းသား၊ ကျောင်းသူများသည် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်၍ ဥပဒေအား ပြင်ဆင်ရန် ကြိုးစားကြသည်။

ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုလိုက်ပြီးဖြစ်သော အဆိုပါဥပဒေ ကြမ်းအပေါ် နိုင်ငံတော်သမ္မတက သဘော ထားမှတ်ချက် ၂၅ချက်ကို ပြည်ထောင်စု လွှတ်တော်နာယကထံ သဝဏ်လွှာ ပြန်လည်ပေးပို့ထား သည်။ သမ္မတ၏သဘော ထား ၂၅ချက်မှာ ဥပဒေမူကြမ်းပါ စနစ် တစ်ခုလုံးအား ၂ဝ၁၇ခုနှစ်မှသာ အကောင် အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အလယ် တန်းအခမဲ့စနစ် ပုံဖော်ပေးရာတွင် တိုင်း ပြည်၏ စီးပွားရေးအခြေအနေကြောင့် မဖြစ်နိုင်သေးကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် လွတ်လပ်စွာစီမံခွင့်ပေး မည်ဖြစ် ပြီး တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့် သွား သင့်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများ မှပေး ပို့သော အကြံပြုချက်များကို လက်ခံ ဆွေနွေးကာ ထည့်သွင်းစဉ်းစားထားသင့် ကြောင်း ကော်မတီထံမှ သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List